အစဉ်လာမပျက် ဝါတွင်းကာလ ဆွမ်းပေါင်းပွဲတော် ရွှေတန်ဆာ ဘုရားဆွမ်းပေါင်းပွဲ ပုံရိပ်များ

 

ရွှေဘိုမြို့ဂုဏ်ဆောင်ဝါတွင်းဘုရားစဉ်ဆွမ်းလောင်းပွဲကို ၁၁၇၆ ခုနှစ် ဘိုးတော်ဦးဝိုင်းအမရပူရ၌စိုးစံနေစဉ်အချိန်မှစတင်လောင်းလှူပူဇော် ခဲ့ရာ ယခု နှစ်ဆိုလျှင် နှစ်ပေါင်း(၂၀၅)နှစ်ပင်ရှိခဲ့လေပြီ။ထိုစဉ်ကတည်းက လောင်းလှူပူဇော်ခဲ့သော ဆွမ်းလောင်းပွဲကို ယခုနောင်လာနောင်သား ရွှေဘိုသူ/သား များမှ ဆက်လက်လောင်းလှူလျှက်ရှိပါသည်။ရွှေဘိုမြို့ဝါတွင်းဘုရားစဉ်ဆွမ်းလောင်းပွဲဘုရားစဉ်များမှာ

၁။လမ်းလည်ဘုရား=နယုန်လကွယ်နေ့

၂။ဇဗ္ဗူ့ဆီမီးဘုရား=ဝါဆိုလဆန်း ၈ ရက်နေ့

၃။ရွှေတန်ဆာဘုရား=ဝါဆိုလပြည့်နေ့

၄။ရွှေခြင်္သေ့ဘုရား=ဝါဆိုုလဆုတ် ၈ ရက်နေ့

၅။နေရဗာန်ဘုရား=ဝါဆိုလကွယ်နေ့

၆။ဆုတောင်းးပြည့်ဘုရား=ဝါခေါင်လဆန်း ၈ ရက်

၇။ရွှေကူကြီးဘုရား=ဝါခေါင်လပြည့်နေ့

၈။သက်တော်ရှည်/ရဘုရား=ဝါခေါင်လဆုတ်၈ရက်

၉။ရွှေပေါ်ကျွန်းဘုရား=ဝါေခေါင်လကွယ်နေ့

၁၀။ရွှေသိမ်တော်ဘုရား=တော်သလင်းလဆန်း၈ရက်နေ့

၁၁။ရွှေချက်သိုလ်ဘုရား=တော်သလင်းလပြည့်နေ့

၁၂။ဖောင်တော်ဦးဘုရား=တော်သလင်းလဆုတ်၈ ရက်နေ့

၁၃။မြို့ထောင့်စေတီဘုရား=တော်သလင်းလကွယ်

၁၄။ပုခန်းဘုရား=သီတင်းကျွတ်လဆန်း ၈ ရက်နေ့

၁၅။လောကမာရဇိန်ဘုရား=သီတင်းကျွတ်လပြည့်

၁၆။ရွှေကြက်တောင်ဘုရား=သီတင်းကျွတ်လဆုတ်၈ ရက်နေ့

၁၇။စိန်ဘုရား=သီတင်းကျွတ်လကွယ်နေ့

၁၈။ဗိုလ်မောင်ဘုရား=တန်ဆောင်မုန်းလဆန်း၈ရက်

၁၉။ချမ်းသာကြီး/ရဘုရား=တန်ဆောင်မုန်းလပြည့်

၂၀။အောင်မြေဘုရား=တပို့တွဲလပြည့်နေ့

၂၁။အနောက်လောကမာရဇိန်ဘုရား=တပေါင်းလပြည့်နေ့

၂၂။ညောင်ရေသွန်းပွဲ=ကဆုန်လပြည့်နေ့

စသည့် ဝါကြို ဝါတွင်း ဝါပြင် ဆွမ်းလောင်းပွဲ

များကို နှစ်ပတ်လည်လောင်းလှူလျှက်ရှိပါသည်။

ရွှေဘိုမြို့ဂုဏ်ဆောင်ဘုရားစဉ်ဆွမ်းလောင်းပွဲကို

ရွှေဘိုသူ/သား များမှ သဒါ္ဓမဆဲ လောင်းလှူမြဲ

ကျင်းပမြဲ ဂုဏ်ယူမြဲ ဖြစ်နေမည်မှာ ဧကန်မလွဲပင်……။

ရွှေဘိုမြို့ရဲ့ အစဉ်လာမပျက် ဝါတွင်းကာလ ဆွမ်းပေါင်းပွဲတော် ရွှေတန်ဆာ ဘုရားဆွမ်းပေါင်းပွဲ ပုံရိပ်များ

Photo Source : Sony Kaung Lay

Facebook Comments