ဗစ်တိုးရီးယားနဲ့ မိသားစု တရားရုံးကို လာရောက်ထွက်ဆိုတဲ့အခါ အထူးမေတ္တာရပ်ခံ ပန်ကြားချက်

ဗစ်တိုးရီးယားနဲ့ မိသားစု တရားရုံးကို လာရောက်ထွက်ဆိုတဲ့အခါ အထူးမေတ္တာရပ်ခံ ပန်ကြားချက်

မေတ္တာရပ်ခံ ပန်ကြားချက်

သမီးလေး ဗစ်တိုးရီးယားနဲ့ မိသားစု တရားရုံးကို လာရောက်ထွက်ဆိုတဲ့အခါ မိသားစုဝင်တွေနဲ့ အထူးသဖြင့် သမီးလေးရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို မတင်ဖို့ မီဒီယာတွေကို (ကျွန်တော်တို့ တောင်းဆိုခွင့်ရှိတာထက်ကျော်လွန်ပြီး) တောင်းပန်ချင်ပါတယ်။
.
အကယ်၍များ တင်လာခဲ့ရင်လည်း အဲဒီ ဓာတ်ပုံတွေကို မရှယ်ဖို့ ဖေ့စ်ဘုတ်သုံးစွဲသူများကိုလည်း မေတ္တာရပ်ခံလိုပါတယ်။
.
ဒီအချက်ဟာ ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းရဲ့ စာနာမှု၊ လူသားဆန်မှု မှတ်ကျောက်တစ်ခု ဖြစ်လာမှာပါ။ သမီလေး အနာဂတ်အတွက် ဒါလေးတော့ ဝိုင်းဝန်းကူညီပေးပါ။

Please please do not post or share the picture(s) and video(s) of Victoria and her family. We, as a society, must do what we can to protect her future.