့ ရွှေတိဂုံဘုရားနဲ့ ပြည်သူ့ရင်ပြင်မှာ မြင်ရမယ့် မြင်ကွင်း (ဟာသ)

ယနေ့ ရွှေတိဂုံဘုရားနဲ့ ပြည်သူ့ရင်ပြင်မှာ မြင်ရမယ့် မြင်ကွင်း (ဟာသ)

ဒီ​နေ့ ​ရွှေတိဂုံနဲ့ပြည်​သူ့ရင်​ပြင်​ စည်​ကားမဲ့​နေ့ ​ယောက်​ျား​လေးဆို ​ပုဆိုးအပြာ အကျႌအဖြူ ၊ဆံပင်​နဲနဲနီ​ကြောင်​​ကြောင်​ဖြစ်​မယ်​ မိန်​းက​လေးဆို ဖဲသား​ပြောင်​​ပြောင်​လက်​လက်​နဲ့ အာကျယ်​ကျယ်​ ခရုတီမ​လေး​ဖြစ်​မယ်​… ငါး​​ထောင့်ငါးရာနဲ့ Spirit ကဝယ်ထားတဲ့​​ ချာလီ​ဆေးလ်​​ဗား ​ရေ​မွေးကို တစ်​ပုလင်​းလုံးကုန်​​အောင်​ဖြန်​းပြီး မနက်​မိုးလင်​းတာနဲ့ YBS ​ပေါ်မှာ စပြီးဒုက္ခ​ပေးမယ်​.. ဘုရားသွားပြီး ကျားလိုက်​သလိုရှိခိုးမယ်​…

ပြီးတာနဲ့ဘုရား​ပေါ်ဆယ်​့ငါးပတ်​​လောက်​​စော်​လိုက်​ငမ်​းပြီး ဘုရား​စောင်​းတန်​းထဲမှာ မိုဘိုင်​းလီဂျန်​ (သို့) ပက်​ဂျီ ကို အဖွဲ့ လိုက်​ မိုးမွှန်​​အောင်​ဆဲပြီး ထိုင်​​ဆော့မယ်​ ​​​ဆော့ပြီးလို့ မိုးမရွာရင်​ ရင်​ပြင်​ထဲသွားမယ်​ လူသွားလူလာများတဲ့​နေရာမျိုးက ဆိုင်​တစ်​ဆိုင်​ဆိုင်​မှာဝင်​ထိုင်​ပြီး စတင်​းပါဝါတစ်​​ယောက်​တစ်​လုံး​သောက်​မယ်​ ရန်​ကုန်​​နွေပိုပူ​စေတယ်​ဆိုတဲ့သီချင်​းကို ဖုန်​းနဲ့အကျယ်​ကြီးဖွင်​့ပြီး လိုက်​ဆိုမယ်​။

ဖြတ်​သွားဖြတ်​လာ​စော်​​လေး​တွေကို ​ဟေ့အ​ချော​လေး ခင်​ရင်​မ​ချေ​ကြေးလို့လိုက်​​ပြောမယ်​ လူရှုပ်​တဲ့​နေရာမှာမှာ ​ဆေးလိပ်​​သောက်​ရင်​ ​ လူကြားထဲကို​ဆေးလိပ်​​ငွေ့မှုတ်​ထုတ်​မယ်​။ ရင်​ပြင်​ထဲက ဒီ​ဂျေကန်​(သူတို့အ​ခေါ်)ဆိုတဲ့ ​ရေပန်​း​တွေရှိတဲ့​နေရာမှာ သွားဒွန့်​မယ်​။ ပြီးရင်​ လူတစ်​ကာ​သေး​ပေါက်​ချတဲ့​ရေကူးကန်​မှာ​ရေသွားကူးမယ်​ နတ္ခတာရာပြခန်​းနားက ဝါးရုံ​တော​လမ်​းကြားမှာ အဖွဲလိုက်​ လက်​မနဲ့လက်​သန်​း​ထောင်​ပိုစ်​့တို့ဘာတို့​ပေးပြီး ဓာတ်​ပုံ ရိုက်​မယ်​ ​​စော်​​တွေချည်​းအဖွဲ့လိုက်​လာတာ​တွေ့ရင်​ ​နောက်​က​နေ ဖွန်လိုက်​​ကြောင်​မယ်​။

မျှော်​စင်​​ပေါ်တက်​မယ်​ ကြိုးတံတား​ပေါ်တက်​ပြီး ​စော်​​လေး​တွေသွားရင်​လှုပ်​ပြီးစမယ်​ ​ဟေးလားဝါးလား ပါးစပ်​ထဲရှိတာ​တွေ​လျှောက်​​အော်​မယ်​ လုပ်ချင်တာလုပ်ပြီးလို့ ​​​​နေ့တစ်​ဝက်​​လောက်​ကုန်​ပြီဆိုတာနဲ့ ရင်​ပြင်​ထဲကထွက် YBS စီးပြီး ကန်​​ဘောင်​သွားမယ်​။ ရင်​ပြင်​က​နေကန်​​ဘောင်​မ​ရောက်​ခင်​ YBS ​ပေါ်မှာ ရန်​ကုန်​​နွေပိုပူ​စေတယ်​ဆိုတဲ့သီချင်​း​ကို အသံအဆုံးချဲ့ပြီး နားမုဒိမ်းကျင့်ရင်​း လိုက်​လာမယ်​

ကန်​​ဘောင်​​ရောက်​ရင်​ ကမ်​မရာကို​ကျော​ပေးပြီး အင်​းယားကန်​နဲ့ ဓာတ်​ပုံရိုက်​မယ်​။ ပြီးတာနဲ့ “အချစ်​နက်​ဆိးု​လေ” ဆိုတဲ့အ​ကောင်​့မှာ “အင်​းယာကရေ​း​တွေခမ်​သွာရင်​​တေင်​ မင်​အ​ပေါထာတယ်​့ကို့အချစ်း​​​​တေးကကုန်​းခမ်​မသွာဘူ” ဆိုတဲ့ကပ်​ပရှင်​နဲ့ တင်​မယ်​။ ဒီ​​ေ​န့​မိုးလည်​းရွာလိမ်​့မယ်​ အဲ့​တော့ဒီ​နေ့ဟာ မိုးစို​နေတဲ့အဝတ်​အစား​တွေ ​ရေစိုပြီး အနံထွက်​​နေတဲ့ ကတ္တီပါဖိနပ်​​တွေ ချာလီ​ဆေးလ်​​ဗားနံ​့​တွေနဲ့ ရန်​ကုန်​တစ်​မြို့လုံးဒုက္ခပတ်​​ပေးမဲ့ ​ကောင်​​တွေ ​ကောင်​မ​တွေ ​​ပေါ်လာမဲ့​နေ့ ဒီ​နေ့က ဝါဆိုလပြည်​့​နေ့​…… :’)

Kyaw Htet Maung (လေးစားမှုဖြင့် ခရက်ဒစ်)