သက်ငယ် မုဒိမ်းမှုနဲ ့ ပတ်သက်လို ့Wisdom Hill ကျောင်းအုပ်ရဲ ့ အစ်မဖြစ်သူဒေါ်သီရီမေရဲ ့ တရားဝင် ဖြေရှင်းချက်

Wisdom Hill ကျောင်းအုပ်ရဲ ့ အစ်မဖြစ်သူဒေါ်သီရီမေရဲ ့ တရားဝင် ဖြေရှင်းချက်

ဒီရက်ပိုင်းအတွင်းမှာ Wisdom Hill ကနေပြီးတော့ ဖြစ်ပျက်ခဲ့တဲ့သက်ငယ် မုဒိမ်းမှုနဲ ့ ပတ်သက်လို ့ တရားဝင် သတင်းမှန်တွေ ဆိုပြီး လူမှုစာမျက်နှာတွေမှာ ရေးသားမှုတွေ ပြုလုပ်နေခဲ့တဲ့ Wisdom Hill ကျောင်းအုပ်ရဲ ့ အစ့မဖြစ်သူ ဒေါ်သီရီမေ ဟာ သူ ့ရဲ ့ ပြောဆိုရပ်တည်ချသ်တွေ ကြောင့် အင်တာနက်ပေါ်မှာ အပြင်းအထန်ဝေဖန်ခံနေရပြီး –

ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေအထိ ကြုံတွေ ့ခဲ့ရတယ်လို ့ သိရသလို အခုချိန်မှာတော့ သူဟာ မီဒီယာ တစ်ခုနဲ ့ အင်တာဗျူးမှာ ဖြစ်ပျက်ခဲ့သမျနဲ ့ ပတ်သက်လို ့ တရားဝင် ဖြေရှင်းချက်တွေ ပေးသွားခဲ့ပါတယ်။

အရင်တုန်းက အစ်မ Wisdom Hill အမှုကိစ္စနဲ ့ ပတ်သက်တဲ့ သတင်းတွေကို သိသလောက်ပေါ့နော် ပို့စ်လေးတွေရေးပြီးတင်ပေးခဲ့တယ်။ အခုတော့အဲလိုဆက်ရေးဖို ့မလိုတော့ဘူးထင်တယ်။ ရဲလုပ်ငန်းစဉ်တွေလည်း ပြီးသွားပြီဆိုတော့ ပွင့်လင်းမြင်သာစွာ ချပြခွင့်ရလာပြီ။

ဒါကြောင့်မလို ့ အစ်မက တရားဝင်ချပြတဲ့ မီဒီယာကို ပြည်သူတွေ ပိုပြီး အာရုံစိုက်နိုင်ဖို ့အစ်မရဲ ့ ဖေ့ဘုတ်စ် ပရိုဖိုင်ကို လောလောဆယ် ခဏ Deactivate လုပ်ထားတဲ့အဖြစ်ကို ဖြေကြားသွားခဲ့ပါတယ်။

လက်ရှိ အွန်လိုင်းပေါ်မှာ ပျံ ့နှံ ့နေခဲ့တဲ့ သတင်းတွေ အပေါ်မှာလည်း Fashion Academy ဂရုချက်ပေါက်ကြားမှုဟာ အတုဖန်တီးလုပ်ကြံခံရတာသာဖြစ်ကြောင်း၊ မိမိ ဂျပန်မှာ လူကုန်ကူးလာခဲ့တဲ့ဆိုတဲ့ အဖြစ်နဲ ့ သက်ငယ် မုဒိမ်းမှုမှာလည်း ပါဝင်ပတ်သက်ပြီး သမီလေး ဗစ်တိုးရီးယားရဲ ့ မိဘတွေကို နှုတ်ပိတ်ခဲ့တယ် ဆိုတဲ့ သတင်းဟာလည်း လုံးဝ မဟုတ်မှန်ကြောင်း သူကငြင်းဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် မိမိကို ပုံစံအမျိူးမျိူးနဲ ့ အသရေဖျက်နေတဲ့။ မဟုတ်မမှန် လုပ်ကြံဖန်တီးထားတဲ့ အရေးအသားပေါင်းများစွာလဲ ရှိနေသေးကြောင်း သူက ပြောသွားခဲ့ပါတယ်။

ပုဂိုလ်ရေးတိုက်ခိုက်မှူအနေနဲ့ “”သီရီမေ ပွဲကြမ်းတယ် “” ဆိုတဲ့ Video ဖိုင်ထွက်ပေါ်လာမှုနဲ ့ ပတ်သက်ပြီးတော့လည်း Video ဖိုင် ပေါက်ကြားစေခဲ့တဲ့ ကုမ္ပဏီကိုလည်း အရေးယူသွားမယ်လို ့ ဒေါ်သီရီမေ က တရားဝင်ပြောကြားသွားခဲ့ပါတယ်။

ဒီတရားဝင် ရှင်းလင်းချက်နဲ ့ပတ်သက်ပြီး တစ်စုံတစ်ရာ တွေးဆဆင်ခြင်နိုင်စရာ ရရှိနိုင်မယ်လို ့မျော်လင့်ရင်း မျဝေ တင်ဆက်ပေးလိုက်ရခြင်းပါ။

Credit; AlinnMyay (အလင်းမြေ)Source; Golden Myanmar Guide -News-Media &Entertainment

Be the first to comment

Leave a Reply

Your email address will not be published.


*