ဆရာ့စိတ်ဓာတ်ကို လေးစားတယ်ဗျသချင်္ုိင်းကုန်းထဲမှာ ထမင်းစားခဲ့တဲ့ ကျောင်းဆရာ (ဖြစ်ရပ်မှန်)

သချင်္ုိင်းကုန်းထဲမှာ ထမင်းစားခဲ့တဲ့ ကျောင်းဆရာ (ဖြစ်ရပ်မှန်)

ကျွန်တော် တောကျောင်းကနေ မြို့ကျောင်းကို ပြောင်းလာပေမယ့် မြို့ပေါ်ကျောင်းမှာ နေရတာ မဟုတ်ဘူး။ မြို့နဲ့ မနီးမဝေး မူလတန်းကျောင်းလေးကို ရောက်လာတယ်။ လေးတန်းအတန်းပိုင် တာဝန်ယူရတယ်။ ကျောင်းက ယိုင်တိုင်တိုင် စုတ်ချာချာ။ မိုးရွာ လေတိုက်ရင် မိုးလွတ်တဲ့နေရာ ခိုနေကြရတယ်။

ကျွန်တော့်လေးတန်းမှာ ကျောင်းသား ၂၄ ယောက်ရှိတယ်။ အဲဒီခေတ်က အုပ်စုလိုက်စစ်ဆိုတော့ အစိုးရစစ်လိုပဲ။ တစ်ကျောင်းနဲ့တစ်ကျောင်း ပြိုင်နေကြတာဆိုတော့ တန်းလုံးကျွတ်အောင်တာကို ဂုဏ်ရှိတယ် ထင်နေကြတာ။ ကျွန်တော့် ကျောင်းအုပ်ကြီးကတော့ တဝက်အောင်ရင်တော်ပြီ ဆိုပြီးနေတာ။

အတန်းထဲက ကလေးတွေ မဆိုးပါဘူး။ အရည်အချင်းလေးတွေတော့ အရှိသား။ လေ့ကျင့်အား နည်းနေတယ်လို့ သုံးသပ် တယ်။ အရင်က ကျောင်းအုပ်ဆရာကြီးက တာဝန်ယူထားတာကိုး။ သူလည်းတခါတရံ သူ ့ကိုယ်ရေးကိုယ်တာ ရှိလေတော့ အကြောင်းပြ ပြီး ကျောင်းလာတစ်ချက်၊ မလာတစ်ချက်ဆိုတော့ ကလေးတွေ ပညာငတ်နေကြတာပေါ့။

ကျွန်တော် အတန်းပိုင်ဖြစ်တော့ ကလေးတွေတစ်ဦးချင်းကို လေ့လာရတယ်။ အားလုံးအနေအထား ကောင်းတယ်။ တန်းလုံးကျွတ်အောင်နိုင်တဲ့ အနေအထားမှာ ရှိတယ်။ ကျွန်တော်ကလည်း တာဝန်ယူခဲ့တဲ့ ကျောင်းတိုင်းမှာ တန်းလုံးကျွတ် အောင်တာကိုမှ ဂုဏ်ယူတတ်တာဆိုတော့ မောင်းရတော့တာပေါ့။

အတန်းထဲမှာ ဖြူမဆိုတဲ့ ကောင်မလေးတစ်ယောက် ရှိတယ်။ ဖြူဖြူသေးသေးလေး။ စာအတော်လေး ညံ့တယ်။ လက်ရေး ညံ့တယ်။ သေသေချာချာ လေ့လာကြည့်တော့ ဖြူမက ဉာဏ်ကောင်းတယ်။ ဒါပေမဲ့ သူ့ကို အတန်း ထဲက အတန်းဖော်တွေ က သိပ်အရောမဝင်တော့ ဂျစ်တစ်တစ်၊ ညစ်တစ်တစ် လုပ်ချင်နေတာ။ ကျွန်တော်က သူ့ကို လက်ရေးက,စ ပြင်တော့ ကျွန်တော့်ကို နည်းနည်း အသိအမှတ်ပြုစ ဖြစ်လာတယ်။

တစ်နေ့တော့ ရွာထဲမှာ မဟာဒုတ်ပွဲဆိုပြီး အလှူတွေခံကြ၊ ပွဲတွေခံကြ၊ အကြီးအကျယ်လုပ်တယ်။ ကျွန်တော် ကလေးတွေ ရဲ့ လေ့ကျင့်ခန်း စာအုပ်တစ်ထပ်ကြီးနဲ့ အလုပ်ရှုပ်နေချိန်မှာ ဖြူမက မရဲတရဲ ကျွန်တော့်နားကပ် လာပြီး “ဆရာ … သမီးတို့ အိမ်က မဟာဒုတ် ဘုရားမဲပေါက်တယ်။ အဖေက ဆရာ့ကို အိမ်မှာ ထမင်းလာစားပါလို့ ဖိတ်ခိုင်းလိုက်လို့”

ကျွန်တော်ကလည်း သာမန်လောက်ပဲထင်ပြီး “အေး … အေး” လို့ပြောလိုက်တော့ သူက ထပ်ပြီး သေချာအောင် “တကယ် လာမှာလားဆရာ … အဖေ့ကို ပြန်ပြောလိုက်မယ်” ကျွန်တော်ကလည်း သာမန်လောက် သဘောထားပြီး ခေါင်းငြိမ့်ပြလိုက် တယ်။

ညနေကျောင်းဆင်းတော့ ကလေးတွေအားလုံး မရှိချိန်မှာ ဆရာမ တစ်ယောက်က ကျွန်တော့်ဆီလာပြီး “ဆရာ ဖြူမတို့ အလှူကို ဆရာ တကယ်သွားမှာလား” လို့ လာမေးတယ်။ “သွားမှာပေါ့ ဆရာမရဲ့၊ ဘာဖြစ်လို့လဲ” “ဖြူမတို့က သချိုင်္င်းထဲမှာ နေတာဆရာ။ သူ့အဖေက သုဘရာဇာ၊ ဆရာသွားလို့ ဖြစ်ပါ့မလား” ကျွန်တော် ဘာဖြစ်လို့ ဖြူမတစ်ယောက် သိမ်ငယ်စွာနဲ့ အတန်းထဲမှာ ဖြစ်နေတယ်ဆိုတာ သဘောပေါက်လိုက် တယ်။ ဘာဖြစ်ဖြစ် အဲဒီအလှူကို ကျွန်တော် သွားဖြစ်အောင်သွားဖို့ ဆုံးဖြတ်လိုက်တယ်။

နောက်တစ်နေ့ ကျောင်းကို စောစောလာတော့ ဖြူမက ကျောင်းလှေခါးကနေ လာစောင့်နေတယ်။ ကျွန်တော့် လွယ်အိတ်လေးကို လာပြေးယူပြီး “ဆရာ သမီးနဲ့ တစ်ခါတည်းလိုက်ခဲ့မှာလား” လို့ မေးလိုက်တယ်။ ကျွန်တော်လည်း ခေါင်းငြိမ့်ပြလိုက်ပြီး သူ့ နောက်ကလိုက်ခဲ့တယ်။

သချိုင်္င်းက ရွာပြင်မှာ။ ကျွန်တော် သချိုင်္င်းထဲဝင်လိုက်ချိန်မှာ အုတ်ဂူကြားလေးတွေကနေ ခြောင်းကြည့်နေကြတဲ့ ကလေး အချို့ကိုလည်း တွေ့လိုက်ရတယ်။ သချိုင်္င်းနဲ့ လှမ်းလှမ်းက ကုန်းလေးပေါ်မှာ ဝါးတဲလေးတစ်ခုရှိတယ်။ သပ်ရပ်ပြီး ပြောင်နေ တယ်။ အခင်းတွေက ဝါးခင်းတွေပဲ။ ကျွန်တော် အိမ်ပေါ်တက် ထိုင်လိုက်ချိန်မှာ ဖြူမရဲ့ အဖေက အခန်းထဲက ထွက်လာပြီး ဘာပြောရမှန်းမသိသလိုနဲ့ ယောင်နန ဖြစ်နေတယ်။

သူက……”မထင်ပါဘူး ဆရာကြီးရယ်၊ သမီးက ပြောလို့သာ၊ ဆရာကြီး တကယ်လာမယ်လို့ ကျွန်တော် လုံးဝမထင် ထားပါ ဘူး” တဲ့။ တုန်တုန်ရီရီနဲ့ ပြောရှာတယ်။ ကျွန်တော်ကလည်း “ကိုကျော်မင်းရယ် ခင်ဗျားအိမ်ကို မဟာဒုတ်မဲပေါက်လို့ ဘုရားတောင် ကြွလာသေးတာပဲ။ ကျုပ်က ဘာလို့ မလာရမှာလဲ” လို့ ပြောလိုက်တယ်။

Myanmar children line up to receive free rice after the destructive Cyclone Nargis on the outskirts of Yangon, Myanmar, Monday, May 12, 2008. (AP Photo)

ထမင်းဝိုင်း ပြင်ပြီးတော့ ကျွန်တော့ကို တပည့်ဖြူမက လာခေါ်တယ်။ အိမ်ဦးခန်းမှာ နေရာယူပြီး စားဖို့ပြင်တော့ ကျွန်တော် တစ်ယောက်တည်း။ ကျွန်တော်က……..”ကိုကျော်မင်း လာလေဗျာ။ ကျွန်တော်တစ်ယောက်တည်း။ ခင်ဗျားလည်း လာစား လေ” လို့ ပြောလိုက်တော့ ဖြူမအဖေက အတင်းငြင်းတယ်။ နောက်ဆုံး ကျွန်တော်က “ကိုကျော်မင်း … ခင်ဗျား မစားရင် ကျွန်တော်လည်း မစားဘူး” ဆိုမှ ဝင်ထိုင်တယ်။

ထမင်းဝိုင်းမှာ ကျွန်တော်ကြိုက်တဲ့ ငါးဘတ်ခေါင်းကို ကြက်ပေါင်သီးနဲ့ ချက်ထားတာ တွေ့လိုက်ရတယ်။ ငပိရည် တို့စရာ တွေ ကလည်း စုံနေတာပဲ။ ကိုကျော်မင်းက ကျွန်တော့် ပန်းကန်ထဲကို ငါးဘတ်ခေါင်းကြီး တစ်ခေါင်းလုံး ခတ်ထည့်ပေး လိုက်တယ်။ ကျွန်တော်က တစ်ဝက်ဖဲ့ပြီး သူ့ပန်းကန်ထဲ ပြန်ထည့်ပေးလိုက်ရော ကိုကျော်မင်း ထမင်းဝိုင်းကနေ ထပြေးပြီး အိမ်ခန်းထဲ ဝင်သွားတော့တယ်။ အိမ်ခန်းထဲမှာ ဟီး…ဟီး..ဆိုတဲ့ ငိုသံကြီး ကြားလိုက်ရတော့ ကျွန်တော်တောင် မျက်ရည် ဝဲတယ်။

တအောင့်နေတော့ ပြန်ထွက်လာပြီး “ဆရာကြီးရယ် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို သုဘရာဇာဆိုပြီး တစ်ရွာလုံးက အဖက်လုပ်ကြတာ မဟုတ်ဘူး” လို့ ပုဆိုးနဲ့ မျက်ရည်တွေသုတ်ပြီး ပြောတယ်။ ကျွန်တော်သူ့ကို တရားဟော မနေတော့ ဘူး။ ထမင်းကို ဆာဆာနဲ့ အားရပါးရ စားပြလိုက်တယ်။ သူတို့ မိသားစုလည်း ဝမ်းသာလွန်းလို့ ပီတိဖြစ်နေတာကို ကျွန်တော် မျက်ရည်မကျမိအောင် မနည်းထိန်းရင်းက စားနေရတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်ပဲသိတယ်။

အဲဒီနေ့က,စပြီး ဖြူမ အချိုးပြောင်းလာတယ်။ ခိုင်းရင်လုပ်တယ်။ အရမ်းကြိုးစားတယ်။ အဲဒီကလေးအတွက် စိတ်ပူနေရာက နောက်ဆုံး စတုတ္ထတန်းအောင်စာရင်းထွက်လာတော့ ကျွန်တော့်ကလေး ၂၄ ယောက်စလုံး အောင်တယ်။ ဒီရွာသမိုင်းမှာ တန်းလုံးကျွတ်အောင်တဲ့ ပထမဆုံးအောင်ပွဲပဲ။

ကျွန်တော့်အောင်ပွဲက ဒီမှာတင် မရပ်ဘူး။ ကျောင်းအိုကျောင်းဟောင်းလေးကို ပြင်ဆောက်ဖို့ ရွာထဲလိုက် အလှူခံတော့ ဆေးလိပ်ခုံ တစ်ခုကို ရောက်သွားတယ်။ ဆေးလိပ်ခုံသူဌေးက ကျွန်တော့်ကို ကြည့်ပြီး “သချိုင်္င်းထဲ ထမင်းသွားစားတဲ့ ဆရာလား” လို့ မေးလိုက်တယ်။

သူကကျွန်တော့်ကို အိမ်ထဲခေါ်သွားပြီး “ဆရာ့စိတ်ဓာတ်ကို လေးစားတယ်ဗျာ။ ကျွန်တော်လည်း အဲဒီလိုဘဝက သူဌေး ဖြစ်လာတာ။ ကိုင်း အလှူ လိုက်ခံ မနေနဲ့။ ဆရာ့ကျောင်းကို ကျွန်တော်ပြန်ဆောက်ပေးမယ်။ ဒီနှစ်တန်းလုံးကျွတ် အောင်တယ် ဆိုကတည်းက ဘာလုပ်ပေးရင် ကောင်းမလဲ စဉ်းစားနေတာ” လို့ ပြောလိုက်တယ်။

ကျွန်တော်ဒီကျောင်းနဲ့ ပတ်သက်ပြီး ဒုတိယတစ်ကြိမ် မျက်ရည်လည်ခဲ့ရတယ်။ ခုတော့ ကျွန်တော်မရှိတော့ပေမယ့် ကျောင်းလေးက တိုက်ကျောင်း၊ ကွန်ကရစ်လမ်းတွေနဲ့ စည်ကားနေပြီလို့ ကြားတယ်။ ဖြူမတစ်ယောက်လည်း ဘာတွေ ဖြစ်နေပြီလဲလို့ သိချင်လှတယ်။

Tin Nyunt (၁၈.၃.၂၀၁၅)၊ (လေးစားစွာဖြင့် ခရက်ဒစ်)

Be the first to comment

Leave a Reply

Your email address will not be published.


*