“ဝမ်းသာစရာသတင်း…ဗုဒ္ဓဘာသာဝင်များအတွက်ရန်ကုန်တွင် အာရှဗုဒ္ဓဘာသာအသင်းချုပ်ရုံးဖွင့်လှစ်”

ရန်ကုန်တွင် အာရှဗုဒ္ဓဘာသာအသင်းချုပ်ရုံးဖွင့်လှစ်

နိုင်ငံပေါင်း ၁၂ နိုင်ငံပါဝင်သောအာရှဗုဒ္ဓဘာသာအသင်းချုပ်ရုံးဖွင့်လှစ်ပွဲအခမ်းအနားကိုမြန်မာနိုင်ငံထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသသာသနာနုဂ္ဂဟအသင်း(ဗဟို)ကဦးဆောင်၍ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ်တံတားလေးလမ်းဝဇမ္ဗူသီရိဗိမာန်တော်၌ ယနေ့ နံနက်က ကျင်းပခဲ့သည်။

မြန်မာနိုင်ငံသည်ထေရဝါဒငါးနိုင်ငံတွင်ဦးဆောင်နိုင်ငံဖြစ်သော်လည်းကမ္ဘာ့သာသနာပြုလုပ်ငန်းတွင်မူနောက်ကျကျန်လျက်ရှိနေသေးသည့်အတွက်ယင်းကိုမြှင့်တင်သည့်အနေဖြင့်အာရှတိုက်အတွင်းရှိဗုဒ္ဓဘာသာဝင်များနှင့်ပူးပေါင်းကာဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားရေး၊ဗုဒ္ဓဘာသာဝင်အချင်းချင်းအပြန်အလှန်ကူညီယိုင်းပင်းနိုင်ရေး၊ဗုဒ္ဓဘာသာဝင်လူသားအားလုံး၏လူမှုဘဝသာယာကာတစ်သွေးတည်းတစ်သားတည်းရပ်တည်နိုင်ရေးတို့ကို ရည်ရွယ်ရှေးရုှ၍လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ထိုင်းနိုင်ငံမဟာချူလာယောင်ကွန်တက္ကသိုလ်ပါမောက္ခချုပ်ဆရာတော်အမှူးပြုသောသင်ကြားစီမံဆရာတော်များနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ပါမောက္ခချုပ်ဆရာတော်အဂ္ဂမဟာပဏ္ဏိတအဂ္ဂမဟာဂန္တဝါစကပဏ္ဏိတဒေါက်တာဘဒ္ဒန္တကုမာရ၊ဒုတိယကျိုက်ထီးဆောင်းဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိကတဇဒေါက်တာဘဒ္ဒန္တနာဂဒီပအမှူးပြုသောသံဃာတော်များ၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးသူဦးအောင်ကိုနှင့်တာဝန်ရှိပဂ္ဂိုလ်များ၊မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့်နယ်စပ်တောင်တန်းဒေသသာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဌဝဏ္ဏကျော်ထင်ဒေါက်တာဦးခင်ရွှေနှင့်အသင်းဗဟိုကော်မတီဝင်များ၊ထိုင်း၊ကမ္ဘောဒီးယား၊လာအို၊သီရိလင်္ကာ၊အန္ဒိယ၊စင်္ကာပူ၊ဗီယက်နမ်၊တရုတ်၊ကိုရီးယား၊အင်ဒိုနီးရှား၊ထိုင်ဝမ်နိုင်ငံများမှဗုဒ္ဓဘာသာကိုယ်စားလှယ်များနှင့် ဧည့်ပရိတ်သတ်များရာနှင့်ချီ၍ တက်ရောက်ခဲ့ကြသည်။

Credit: Pyi Myanmar

Be the first to comment

Leave a Reply

Your email address will not be published.


*