အမှုနဲ့ ပါတ်သတ်ပြီး ဒဲ့တွေပြောလိုက်တဲ့ နမ့်စန်မြို့က ကျောင်းအုပ်ဆရာကြီး

အမှုနဲ့ ပါတ်သတ်ပြီး ဒဲ့တွေပြောလိုက်တဲ့ နမ့်စန်မြို့က ကျောင်းအုပ်ဆရာကြီး

သမီးလေး ဗစ်တိုးရီးယားအမှုမှာယခုလက်ရှိအချိန်တွင် တရားခံအောင်ကြီးအား တရားခံအဖြစ်စွပ်စွဲကာတရားစွဲဆိုထားတာဖြစ်ပါတယ်။ထိုသို့ တရားစွဲ ဆို ထားမှု အ ပေါ် နမ့်စန်မြို့ ကကိုယ်ပိုင်အထက်တန်း ကျောင်းအုပ်ဆရာကြီး ဦး ကောင်းမြတ်သူက ယနေ့ မှာတော့ အောက်ပါအတိုင်း ပြောကြားလိုက်ပါတယ်

“မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးဆိုတာ ငွေမရှိတဲ့သူတွေကို ထောင်ထဲပို့တာလား။”ခေါင်းစဉ်ဖြင့်

မြန်မာနိုင်ငံမှာကျောထောက်နောက်ခံမရှိတဲ့ ဆင်းရဲသားတွေကတော့အမှုအခင်းဖြစ်ရင် ခင်ဗျားတို့ကို အကူအညီတောင်းဖို့နေနေသာသာ ခင်ဗျားတို့ သိမှာတောင် ကြောက်နေကြပြီ။

ခင်ဗျားတို့က ငွေရှိ ဂုဏ်ရှိတဲ့သူတွေကို ချိုသာသလောက် ဆင်းရဲသား မျက်နှာမွဲတွေကိုတော့ ခြောက်စား မြောက်စား ငိုစား ရီစား ဟောက်စားတတ်တယ်။

Victoria ကလေး အမှု ၊လနဲ့ချီကြာ ၊ အီးရောအီးရောနဲ့ အချိန်ဆွဲ ၊ ပြည်သူတွေကပေါက်ကွဲ၊ သမ္မတအထိရောက် ၊ တရာခံမိအောင်ဖမ်းဆိုတော့ ကားဆရာကို ချက်ချင်းဖမ်းပြလိုက်တယ်။

သူက ကျောထောက်နောက်ခံမရှိတဲ့ ဆင်းရဲသားဆိုတော့ ခင်ဗျားတို့ ချက်ချင်း ဖမ်းနိုင်မှာပေါ့…..

ခင်ဗျားတို့ပဲ ကားဆရာကို စစ်ဆေးပြီး အပြစ်မရှိဘူးဆိုပြီးလွတ်ပေးထားတာလေ…မေ့ပြီလား…. ဒါနဲ့ အမှုက” အရမ်းနက်နဲလို့ အချိန်ကြာနေတယ်”လို့ ခင်ဗျားတို့ပဲ ပြောခဲ့တာလေ… အခုကျတော့ နှစ်ရက် သုံးရက်အတွင်း တရာခံ မိသွားတယ်ပေါ့…

ခင်ဗျားတို့လက်ထက် သစ်တိုတစ်ချောင်းနဲ့ ထောင်ထဲပို့နိုင်တယ်။ သစ်ကားကြီးတစ်စီးလုံး ပိုင်ရှင်မဲ့ဖြစ်သွားတယ်။

ယာမ သုံးလေးပြား ထောင်ထဲ ပို့နိုင်တယ် ။ ကားတစ်စီးလုံး ပိုင်ရှင်မဲ့ဖြစ်သွားတယ်။

အပ်တိုတစ်ချောင်းဟာ လက်နက်မှုနဲ့ ထောင်ကျနိုင်ပေမဲ့ သေနတ်မျိုးစုံ ကိုင်ဆောင်ထားတဲ့ အဖွဲ့ပေါင်းစုံကတော့ ခင်ဗျားတို့ ထုတ်ထားတဲ့ ညွှန်ကြားချက်ဖောက်ပြီးသွားချင်သလို သွားနေကြတယ်။

ဒီနိုင်ငံမှာ ဥပဒေဆိုတာ ဆင်းရဲသားတွေအတွက်ပဲ ထုတ်ထားတာလား….ငွေရှိတဲ့သူတွေက လိုက်နာစရာမလိုဘူးလား….

ခင်ဗျားတို့ကို မေးခွန်းတစ်ခုမေးချင်တယ်….

“မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးဆိုတာ ငွေမရှိတဲ့သူတွေကို ထောင်ထဲပို့တာလား။”

မေတ္တာဖြင့်

Source:ကောင်းမြတ်သူ

Be the first to comment

Leave a Reply

Your email address will not be published.


*