သတ္တိရှိရှိရဲတပ်ဖွဲ့နဲ့ ပတ်သက်ပြီ ဝေဖန်လိုက်တဲ့ ပန်ကိတ်ဒါဒါ

ရဲတပ်ဖွဲ့နဲ့ ပတ်သက်ပြီး သတ္တိရှိရှိ ဝေဖန်လိုက်တဲ့ ပန်ကိတ်ဒါဒါ

ယမန်နေ့ ညက ရဲဇာနည် Page ကနေ ဦးသက္ကမိုးညို နဲ့ မပိုးဖြူတို့ကို ဖမ်းဆီး စစ်ဆေးခြင်းနဲ့ ပတ်သက်ပြီး သတင်းဖုတ်ပြန်ခဲ့ ပါတယ်။ အဆိုပါ သတင်း ထုတ်ပြန် ချက်နဲ့ ပတ်သက်ပြီး လူမှု ကွန်ရက် အသုံးပြု သူတွေက ပြင်းပြင်း ထန်ထန် တုန့်ပြန် ခဲ့ကြ တာပါ။ ဒီလိုပြောဆို ဝေဖန်သူတွေ ထဲမှာ ပန်ကိတ်ဒါဒါ လည်း ပါဝင်လို့ လာခဲ့ ပါပြီ။

တော်ရုံ တန်ရုံ အေးအေး ဆေးဆေး နေတတ်တဲ့ ပန်ကိတ် တယောက် ရဲဇာနည် ရဲ့ သတင်း ထုတ်ပြန်ချက် အောက်မှာ သတ္တိ ရှိရှိ သွားရောက် မှတ်ချက် ပေးခဲ့ တာပါ ။

ပန်ကိတ်က ‘ ဒီလို အရည်မရ အဖတ်မရတွေ လုပ်နေမယ့် အစား တရားခံ မပေါ်သေးတဲ့ အတွဲလိုက် အတွဲလိုက်သော အမှုတွေ ရော ဒီ အမှုရော ပေါ့ တယောက်တမှု တာဝန်တွေ ယူပြီး အလုပ် လုပ်ကြပါလား ။ ပြောလိုက်ရင် ဂုဏ်သိက္ခာက ပါးစပ် က မချဘူး .. “ပြောလည်း နားလည်မှာ မဟုတ်ပါဘူး”

(တော်ရုံ မပြောဘူး .. ခုက တအားတွေ ပြောချင်လာလို့) ’ ဆိုပြီး သူ့အမြင်ကို ရဲရဲကြီး ပြောဆို ထားတာပါ။ ပရိသတ် တွေလည်း ပန်ကိတ်ရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး မှတ်ချက် ပေးခဲ့ကြ ပါဦး။

Source – ရဲဇာနည် , Noe Noe May Ju Ju