ဘုန်းကြီးပိုက်ဆံ ၂၁ သိန်းကိုအမျိုးသမီးသုံးဦးက ခိုးယူသည့်ဖြစ်စဉ် ဖျာပုံမြို့နယ်မှာဖြစ်ပွား

ဘုန်းကြီးပိုက်ဆံ ၂၁ သိန်းကိုအမျိုးသမီးသုံးဦးက ခိုးယူသည့်ဖြစ်စဉ် ဖျာပုံမြို့နယ်မှာဖြစ်ပွား

ဧရာဝတီတိုင်​း​ဒေသကြီး၊ ဖျာပုံမြို့၊ သလိပ်​ကြီး​ကျေးရွာ ဘုန်​​း​တော်​ကြီး​ကျောင်​းတိုက် ဆရာတော် ဦးဝါသဝ၏ ပိုက်ဆံ ၂၁ သိန်းကို ခိုးယူခဲ့သည့် အမျိုးသမီး ၃ ဦးနှင်​့ အမျိုးသား ၁ ဦးတို့အား ဖျာပုံမြို့မရဲစခန်းမှ ယမန်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

“ဘုန်းကြီးကျောင်းရဲ့သီးသန့်ခန်းထဲက ငွေနဲ့ဘဏ်စာအုပ်တွေခိုးခံရတယ်လို့ သိရတာနဲ့ ဖျာပုံမြို့မရဲစခန်းကို ချက်ခြင်းအကြောင်းကြားပြီး အမှုဖွင့်လှစ်ခဲ့ပါတယ်။ အမှုဖွင့်တဲ့နောက် ရဲတပ်ဖွဲ့နဲ့အုပ်ချုပ်ရေးတာဝန်ရှိသူတွေ လိုက်လံဖမ်းဆီးခဲ့ရာမှာ နာရီပိုင်းအတွင်း တရားခံတွေကို ဖမ်းမိခဲ့ပါတယ်”ဟု ဘုန်းတော်ကီးကြျောင်း ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးမြင့်စိန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

သလိပ်ကြီးကျေးရွာဘုန်းတော်ကြီးကျောင်းမှ ဘဏ်စာအုပ်နှင့်ငွေများပျောက်ဆုံးပြီးနောက် ဖျာပုံမြို့မရဲစခန်​းမှ နယ်​ထိန်​း​ခေါင်​း​ဆောင်​နှင်​့ နယ်​ထိန်​းတပ်​ဖွဲ့ဝင်​များ၊ သလိပ်​ကြီး​ကျေးရွာ အုပ်​ချုပ်​​ရေးမှူးတို့မှ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်၊ ဇဗ္ဓူရာဇ်​​ရွှေစင်​လမ်​းတွင်နေထိုင်သူ မစန်​းစန်​းငြိမ်​း (၄၆)နှစ်​၊ အင်းစိန်မြို့နယ်၊ ရွာမရပ်ကွက်၊ ဓမ္မာရုံလမ်းတွင်နေထိုင်သူ မ​ဆွေ​ဆွေထိုက်​ (၃၆)နှစ်​၊ အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်၊ ကန်ဦးလမ်းတွင် နေထိုင်သည့် မညိုညို (၂၃)နှစ်​တို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးခဲ့ရာ မညှိညှိကိုင်​​ဆောင်​ထားသည်​့ အနက်​​ရောင်​သား​ရေ ပိုက်​ဆံအိတ်​အတွင်​းမှ KBZ ဘဏ်​​ငွေစု စာအုပ်​တွင်​ ဦးဝါသဝအမည်​ပါ ဘဏ်​စာအုပ်​ ၁ အုပ်​၊ ဦးဝါသဝအမည်ပါ မြန်​မာ့စီးပွား​ရေးဘဏ်​ ​ငွေစုစာအုပ်​ ၁ အုပ်​၊ ဦးဝါသဝအမည်ပါ CB ဘဏ်​ အချိန်​ပိုင်​းအပ်​​ငွေစာရွက်​ ၁ ရွက်​၊ ဦးဝါသဝအမည်ပါ နိုင်​ငံကူးလက်မှတ်​ ​စာအုပ်​ ၁ အုပ်​၊ ဦးဝါသဝ ဘွဲ့​တော်​ပါ သာသနာစီစစ်​​ရေးကဒ်​ ၁ ခု တို့အား​တွေ့ရှိရသဖြင်​့​မေးမြန်​းရာ ​ငွေများနှင်​့ စာရွက်​စာတမ်​းများအား သလိပ်​ကြီး​ကျောင်​းဆရာ​တော်​ ဦးဝါသဝ၏ သီးသန်​့ခန်​းမှ ခိုးယူခဲ့​ကြောင်​းနှင်​့ ကျန်​​ငွေ ၂၁ သိန်​းကျပ်​အား Probox အဖြူ​ရောင်​ယာဉ်​​မောင်​း ​ဇော်​​ဇော်​ဝင်​းထံ ​ပေးအပ်​ခဲ့​ကြောင်​းစစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထိုသို့ စစ်ဆေးပေါ်ပေါက်ပြီးနောက် ယာဉ်​​မောင်​း က​ဇော်​​ဇော်​ဝင်​း (၃၅)နှစ်​ အားလိုက်လံရှာဖွေခဲ့ရာ ကျိုက်​လတ်​မြို့အထွက် ကျိုက်​လတ်​-မအူပင်​ ကားလမ်​းမ​ပေါ်တွင်​ ​တွေ့ရှိသဖြင်​့ ကားအတွင်​းရှာ​ဖွေရာ ယာဉ်​​မောင်​းထိုင်​ခုံး​ဘေး ထိုင်​ခုံ​ပေါ်မှ ပလပ်​စတသ်​အိတ်​ဖြင်​့ ထည်​့ထားသည်​့ ​ငွေကျပ်​(၂၁)သိန်​းကျပ်​အား ရှာ​ဖွေ​တွေ့ရှိခဲ့သည်​။

ထို့ကြောင့် သလိပ်​ကြီး​ကျေးရွာ ဘုန်​​တော်​ကြီး​ကျောင်​း ကျောင်းထိုင်ဆရာတော် ဦးဝါသဝ၏ ​ငွေကျပ်​(၂၁)သိန်​းနှင်​့ ဘဏ်​စာအုပ်​များ ခိုးယူခဲ့သူ မစန်​းစန်​းငြိမ်​း၊ မ​ဆွေ​ဆွေထိုက်​၊ မညှိည်ိှနှင်​့ ​ဇော်​​ဇော်​ဝင်​းတို့အား ဖျာပုံမြို့မရဲစခန်​းမှ(ပ)၈၄၄/၂၀၁၉၊ ရာဇသတ်​ကြီးပုဒ်​မ ၃၈ဝဖြင်​့ အမှုဖွင်​့လှစ်​ပြီး ဆက်​လက်​စစ်​​ဆေး​နေ​ကြောင်​း ဖျာပုံမြို့မရဲစခန်​းမှ သိရှိရသည်​။

Credit: Ayeyarwaddy_Times