နေပြည်တော်တွင် ဗစ်တိုးရီးယားအမှု တရားမျှတမှုရှိရေး လှုပ်ရှားမှုစတင်နေ

နေပြည်တော်တွင် ဗစ်တိုးရီးယားအမှု တရားမျှတမှုရှိရေး လှုပ်ရှားမှုစတင်နေ

နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂလိကကျောင်းတွင် အသက်၃ နှစ် မပြည့်သေးသည့် ကလေးငယ်တဦး မဖွယ်မရာပြုကျင့်ခံရသည်ဆိုသော အမှုနှင့်ပတ်သက်၍ တရားမျှတမှု ရရှိရေးအတွက် နေပြည်တော်တွင် စတစ်ကာ ကမ်ပိန်းတခုကို လူငယ်များ၏ ဦးဆောင်မှုဖြင့် စတင်လိုက်သည်။

နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် ယခု အမှုဖြစ်စဉ်ကို တရားမျှတမှုရှိအောင် ဆောင်ရွက်စေချင်သဖြင့် ယခုကမ်းပိန်းကို ပြုလုပ်ရ ခြင်းဟု သိရပြီး လာမည့် ၁၃ ရက်နေ့တွင် လယ်ဝေးမြို့ ၌ ဆန္ဒထုတ်ဖော်ရန် ရှိကြောင်း၊ ထို့ပြင် ဥပ္ပါတသန္တိဘုရားတွင်လည်း ဆုတောင်းပွဲတခု ပြုလုပ်ဦးမည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ထက်နိုင်ဇော်/ဧရာဝတီ