သူ ့ဘဝမှဖိနပ်လေးတစ်ရံကြောင့် ကြီးကြီးမားမား ပြောင်းလဲစေခဲ့တယ်ဆိုတဲ့ မြန်မာလက်ရွေးစင် ကျော်ဇင်လွင်

သူ ့ဘဝမှဖိနပ်လေးတစ်ရံကြောင့် ကြီးကြီးမားမား ပြောင်းလဲစေခဲ့တယ်ဆိုတဲ့ မြန်မာလက်ရွေးစင် ကျော်ဇင်လွင်

မြန်မာလက်ရွေးစင် နောက်ခံကစားသမား ကျော်ဇင်လွင် (၂၈) ကြိမ်မြောက် အရှေ ့တောင်အာရှ ဆီးဂိမ်း အားကစားပြိုင်ပွဲ မှာ မြန်မာ ယူ-၂၃ နဲ့အတူ နာမည်ကျော်ကြားလာတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး သူဟာ ဘောလုံးသမား တစ်ယောက်ဖြစ်လာဖို့အတွက် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။ ဘောလုံးကောက် ဘဝကနေ မြန်မာလက်ရွေးစင် ကစားသမားဖြစ်ဖို့အတွက် မလျှော့သော ဇွဲလုံလ ၊ ခိုင်မာသော စိတ်ဓါတ်၊ သည်းခံခြင်း နှင့် ကြိုးစားအားထုတ်မှုတွေကြောင့် မြန်မာဘောလုံး ဇာတ်ခုံမှာ ကျော်ဇင်လွင် ဆိုပြီးတော့ ဖြစ်လာခဲ့ပါတယ်။

ကျော်ဇင်လွင်ဟာ သူဘဝမှာ ပရော်ဖက်ရှင်နယ်ဘောလုံးကစားသမားဖြစ်ဖို့အတွက် သူငယ်ငယ်တုန်းက ဘောလုံးကန် ဖိနပ်တစ်ရံ အတွက်နဲ့ ပြစ်ပြစ်ခါခါ အပြောခံရဖူးကြောင်းကို သူရ ဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရင်ဖွင့်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ စိတ်မဆိုးခဲ့ဘဲ အဲ့စကား တစ်ခွန်းကြောင့်ပဲ ခွန်အားတွေဖြစ်ခဲ့ပြီး မြန်မာလက်ရွေးစင် ကစားသမားတစ်ယောက်အဖြစ်နဲ့တောင် မြက်ခင်းစိမ်းပေါ်မှာ ခြေချနိုင်ခဲ့ပါတယ်။

သူငယ်ငယ်က ဘောကန်ဖိနပ်လေးတစ်ရံကြောင့် သူအစ်မ၏ အဆူခံခဲ့ရပြီး အဲ့စကားကပဲ သူကိုတွန်းအားဖြစ်စေခဲ့တာနဲ့ ပါက်သတ်ပြီး “ ငယ်ငယ်ကျွန်တော်အိမ်မှန်ဘောင်ထဲမှာ ကျွန်တော်အစ်ကိုရဲ့ တန်ဖိုးကြီးတဲ့ဖိနပ်လေးကိုအမေကသိမ်းထားတယ်။ ကျွန်တော်ကကလေးဆိုတော့ အဲ့ဒီဖိနပ်လေးကို ခနယူစီးမိတယ်။ ကျွန်တော်စီးနေတဲ့အချိန်မှာကျွန်တော်အစ်မကမြင်တော့ ဟဲ့ နင်နဲ့ အဲ့ဒီဖိနပ်နဲ့တန်လို့လား လို့အစ်မကပြောခဲ့တယ်။ကျွန်တော်အစ်မကို ကျွန်တော်စိတ်မဆိုးဘူး ။

အစ်မပြောလိုက်တဲ့ စကားတခွန်းက ကျွန်တော်ကို ခွန်းအားဖြစ်စေခဲ့တယ်။ တစ်နေ့ ကျွန်တော်လည်း အဲ့လိုအကောင်းစားဖိနပ်စီးရအောင် ကြိုးစားမယ်လို့ဆုံးဖြတ်ခဲ့တယ်။ တစ်ခါတစ်လေမှာ စကားတခွန်းက ကို့အတွက်ခွန်အား ဖြစ်စေတယ်” ဖေ့စ်ဘုတ် ပေါ်မှာ ရင်ဖွင့်ခဲ့ပါတယ်။

ကျော်ဇင်လွင်ဟာ ယခုအချိန်မှာ ဧရာဝတီ ယူနိုက်အသင်း၏ နောက်ခံကစားသမား တစ်ဦးဖြစ်ပြီး ၂၈ ကြိမ်မြောက် အရှေ ့တောင်အာရှ ဆီးဂိမ်း အားကစားပြိုင်ပွဲ မှာ ငွေတံဆိပ်ဆုရ မြန်မာ ယူ-၂၃ နဲ့အတူ နာမည်ကျော်ကြားလာတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

CRD-popolay