မီတာခမပိုအောင်် မသုံးစွဲလျှင်် ပလပ်ဖြုတ်ထားသင့်သော လျှပ်စစ််ပစ္စည််းများ

မသုံးစွဲပဲပိတ်ထားပေမယ့််လည်း လျှပ်စစ်အားသုံးကို စွဲယူသုံးနေတဲ့ လျှပ်စစ်ပစ္စည်းများအကြောင်းကို ပြောပြ ခြင်ပါတယ်။

၁။ ဖုန်း Charger

လူတွေတော််တော်များများက ဖုန်းအားသွင်းတဲ့ ခလုတ် (Charger) ကို ဖုန်းနဲ့ မသွင်းထားရင်တောင် ပလပ်ပေါက်နဲ့ ဒီအတိုင်း တပ်ထားလေ့ရှိပါတယ်။ အဲ့လိုထားရင် ဖုန်းအားမသွင်းပဲနဲ့တောင် တစ်နေ့လုံးကို 1.2 W လောက် ကုန်နေပါလိမ့်မယ်။ ဒါကြောင့် ဖုန်းအားသွင်းပြီးရင် charger ပါဖြုတ်ထားပါ။

၂။ TV Tuner

တီဗီရဲ့ Channel လိုင်းလေးတွေကို ရှာပေးတဲ့ Digital TV Tuner လေးတွေကို တီဗီပဲ ပိတ်ပြီး Tunerကို မပိတ်ပဲ ထားမိရင် တစ်နေ့ကို 22W ကုန်နေပါလိမ့်မယ်။ တော်တော်များများက တီဗီပိတ်ရုံနဲ့ပဲဲ လုံလောက်ပြီလို့ ထင်နေကြတတ်ပါတယ်။

၃။ တီဗီ (TV)

တီဗီကိို ခလုတ်လုံးဝ ပိတ်လိုက်တာမဟုတ်ပဲ Standby Modeပဲ ထားရင်လည်း တစ်နေ့ကို လျှပ်စစ်မီး 24 Wလောက် ကုန်နေပါလိမ့်မယ်။

၄။ ကွွန်ပျုတာ

ကွန်ပျုတာတို့ Laptop တို့ကို ပိတ်ရုံဘဲပိတ်ပြီး ပလပ်တွေ မဖြုတ်ထားပါက တစ်နေ့ကို 96 W လောက်ကုန်နေပါလိမ့်မယ်။ အကယ်၍ Standby Mode တို့ Sleep Mode တို့ထားပြီး ပလပ်ကိုမဖြုတ်ထားရင် ဒီထက် ၁ဆ ခွဲလောက်ကုန်ပါလိမ့်မယ်။

၅။ Timer ပါတဲ့ အိမ်သုံးစက်ပစ္စည်း

Timerပါတဲ့ အိမ်သုံးစက်ပစ္စည်းတွေဖြစ်တဲ့ Oven တို့ကို ပလပ်ကြိုးမဖြုတ်ထားပါက တစ်နေ့ကို 108 W လောက်ကုန် နေပါလိမ့်မယ်။ တတ်နိုင်ရင် ကိုယ်မသုံးသေးဘူးဆိုရင်

လျှပ်စစ်ပစ္စည်းတွေရဲ့ ပလပ်ကြိုးတွေကိုဖြုတ်ထားပါ။ ခလုတ်ပိတ်ထားရင်တောင်မှ သူတို့က လျှပ်စစ်ပါဝါကို ဆွဲနေတတ်ပါတယ်။ ဒါကြောင့် အိမ်မှာ ဘယ်သူမှ မရှိတဲ့အချိန် ဝါယာရှော့တွေ

မဖြစ်အောင်လည်း ပလပ်ကြိုးတွေကို ဆွဲဖြုတ်ထားဖို့ လိုပါတယ်။

သူ့အလိုလိို အလဟဿသ ဖြစ်နေတဲ့ လျှပ်စစ်မီးတွေက တစ်ခုချင်းစီဆိုရင် နည်းတယ်လို့ ထင်ရပေမယ့် လျှပ်စစ်ပစ္စည်း အများကြီးကို ရက်ပေါင်းများစွာ၊ လပေါင်းများစွာ စုလိုက်ရင် အနည်းဆုံး ကိုယ့်ပိုက်ဆံ သောင်းဂဏန်း သိန်းဂဏန်း လောက်က အလဟဿ. ဖြစ်နေမှာ ဖြစ်ပါတယ်။

Credit – Nyein Zaw Aye