မုဒိန်းမှုမှ DNA ကိုလှည့်ဖြားခြင်း (ဖြစ်ရပ်မှန်)

မုဒိန်းမှုမှ DNA ကိုလှည့်ဖြားခြင်း (ဖြစ်ရပ်မှန်)

၁၉၉၂ ခုုနှစ်မှာ ကနေဒါနိုုင်ငံက ခွဲစိတ်ဆရာဝန်တစ်ယောက်ဟာ သူ့ရဲ့လူနာဖြစ်သူ အမျိုးသမီးတစ်ဦးကိုု ဆေးကုုသခန်းထဲမှာပဲ အဓမ္မပြုကျင့်ခဲ့ပါတယ်။ အမှုကျူးလွန်စဉ်က လူနာအမျိုးသမီးကိုု ရုုန်းကန်အော်ဟစ်ခြင်းမပြုနိုုင်အောင် စိတ်ငြိမ်ဆေးအပြင်းစားတစ်မျိုးပေးထားခဲ့ပါတယ်။ အမျိုးသမီးက ရဲစခန်းမှာ တိုုင်ချက်ဖွင့်တဲ့အခါ အခြားသံသယရှိစရာ အချက်များရှိခဲ့ပေမယ့် DNA စစ်ချက်မှာတော့ ဆရာဝန်ရဲ့ DNA ဟာ တရားခံရဲ့ DNA နဲ့ လုုံးဝကွဲပြားနေလိုု့ လွတ်မြောက်သွားခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ကနေဒါနိုုင်ငံ ကစ်ပလင်မြို့ မှာ ဖြစ်ပွားခဲ့တာပါ။ ကစ်ပလင်ဟာ နယ်မြို့လေးဖြစ်ပြီး စိုုက်ပျိုးရေးလုုပ်ငန်းတွေ မွေးမြူရေးခြံတွေနဲ့ အေးချမ်းလှတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ လူဦးရေသိပ်မများလှပဲ မြို့ခံတွေဟာ တစ်ဦးကိုုတစ်ဦး သိနေကြပါတယ်။ လူနာအမျိုးသမီးရဲ့ အမည်က Candice ဖြစ်ပြီး ဆင်ဂယ်မားသားတစ်ဦးလည်း ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်တဲ့သူကတော့ သူမရဲ့ မိသားစုု ဆရာဝန်တစ်ဦးဖြစ်ပြီး John Schneeberger လိုု့အမည်ရပါတယ်။ ဒေါက်တာရှနီဘာဂါဟာ ဇမ်ဘီယာနိုင်ငံမှ ကနေဒါနိုုင်ငံသိုု့ ပြောင်းရွှေ့အခြေချလာခဲ့သူပါ။ ကစ်ပလင်မြို့ရဲ့ ဆေးရုုံမှာအလုုပ်လုုပ်နေရင်း ကန်ဒစ် ရဲ့ ပထမကိုုယ်ဝန်ကိုုလည်း မွေးဖွားပေးခဲ့ဖူးပါတယ်။

၁၉၉၂ ခုုနှစ် အောက်တိုုဘာ ၃၁ ရက် (တစ္ဆေပွဲတော်ညမှာ) ကန်ဒစ် ဟာ သူ့ရည်းစားနဲ့ စကားများပြီးတဲ့နောက် ကစ်ပလင်ဆေးရုုံမှာ အလုုပ်လုုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်ဆီ ထွက်လာခဲ့ပါတယ်။ ဆေးရုုံမှာ သူမရဲ့ သူငယ်ချင်းကိုု မတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် ကန်ဒစ်ရဲ့ အခြေအနေဟာ အရမ်းစိတ်လှုပ်ရှားလွန်းနေတာမိုု့ ဆရာဝန်နဲ့ တိုုင်ပင်ဖိုု့ ဆေးရုုံဝန်ထမ်းတွေက အကြံပေးခဲ့ပါတယ်။ အဲဒီမှာ ဒေါက်တာရှနီဘာဂါနဲ့ တွေ့ဆုုံပြီး အထက်ပါ အဖြစ်ဆိုုးကြီး ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ကန်ဒစ်ဟာ အခင်းဖြစ်စဉ်က စိတ်ငြိမ်ဆေးကြောင့် မိန်းမောနေပေမယ့် အဖြစ်အပျက်ကိုု ကောင်းစွာမှတ်မိနေပါတယ်။ တရားရုုံးက ဒေါက်တာရှနီဘာဂါကိုု အမှုက လွှတ်ပေးလိုုက်တဲ့အပေါ် မကျေနပ်တာကြောင့် အယူခံဆက်လက်ဝင်ခဲ့ပါတယ်။ ၁၉၉၃ ခုုနှစ်မာ ဒေါက်တာရှနီဘာဂါကိုု ရုံးတော်မှ ဒုုတိယအကြိမ် DNA စစ်စေခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း တရားခံရဲ့ DNA နဲ့ လုုံးဝကိုုက်ညီခြင်းမရှိတာကြောင့် ဒေါက်တာရှနီဘာဂါကိုု အမှုက တရားသေလွှတ်ခဲ့ပြီး အမှုပိတ်သိမ်းခဲ့ပါတယ်။ အချို့သူတွေရဲ့အမြင်မှာ ကန်ဒစ်အနေနဲ့ တစုုံတရာ ရည်ရွယ်ချက်နဲ့ ဒေါက်တာရှနီဘာဂါကိုု အမှုဆင်ခဲ့တာလိုု့ သုုံးသပ်လာကြပါတယ်။

ကန်ဒစ် ဟာ လုုံးဝ လက်မလေ ျှာ့သေးပဲ အလွတ်စုုံထောက်အဖွဲ့ကိုု ငှားရမ်းပြီး ဒေါက်တာရှနီဘာဂါရဲ့ ကားထဲကိုု ဖောက်ထွင်းဝင်ရောက်စေကာ DNA sample ကိုု ရအောင်ယူပြီး ထပ်မံစစ်ဆေးခဲ့ပါတယ်။ သူတိုု့စစ်ဆေးကြည့်ရမှာတော့ ဒေါက်တာရှနီဘာဂါရဲ့ DNA ဟာ တရားခံရဲ့ DNA နဲ့ ကိုုက်ညီနေပါတယ်။ ဒါပေမယ့် ရုုံးတင်တရားစွဲဖိုု့ရာ တရားရုုံးမှ အသိအမှတ်ပြုတဲ့ ဌာနမှာ ထပ်မံစစ်ဆေးဖိုု့ လိုုပါတယ်။ ကံဆိုုးတာက အဲဒီလိုု ထပ်မံစစ်ဆေးဖိုု့ လုုံလောက်တဲ့ DNA နမူနာ မကျန်တော့တာပဲ ဖြစ်ပါတယ်။ (သူတိုု့ဘာသာ စစ်ဆေးကြည့်တာနဲ့တင် သွေးနမူနာတွေ ကုုန်သွားခဲ့ပုုံရပါတယ်) ဒါကြောင့် တရားဝင် ဆေးစစ်ရလာဒ်မပီပြင်တာကြောင့် ဒေါက်တာရှနီဘာဂါအပေါ် ထပ်မံတရားစွဲဆိုုခြင်း မပြုနိုုင်တော့ပါဘူး။

ဒီအတောအတွင်းမှာ ဒေါက်တာရှနီဘာဂါဟာ ကနေဒါနိုုင်ငံသားအဖြစ် ခံယူခဲ့ပါတယ်။ သူဟာ ၁၉၉၁ ခုုနှစ်တည်းက ကလေးနှစ်ယောက်မိခင် လီဆာဒေလ်မန်နဲ့ အိမ်ထောင်ကျခဲ့ပြီး သူနဲ့နောက်ထပ် သားသမီးနှစ်ဦး ထွန်းကားခဲ့ပါတယ်။ ရာဇဝတ်ဘေး ပြေးမလွတ်တာ ကနေဒါမှာတော့ မှန်တယ်လိုု့ ပြောရမှာ ဖြစ်ပါတယ်။ ၁၉၉၇ ခုုနှစ်မှာ သူ့ဇနီး လီဆာက သူ့ကိုု အမှုဖွင့်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ သူမရဲ့ပထမအိမ်ထောင်က ပါလာတဲ့ ၁၅နှစ်အရွယ်သမီးကြီးကိုု ဒေါက်တာရှနီဘာဂါက အကြိမ်ကြိမ်စော်ကားနေကြောင်း သိလာရလိုု့ ဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ ဒေါက်တာရှနီဘာဂါကိုု DNA ထပ်မံစစ်ဆေးဖိုု့ ဖြစ်လာပါတယ်။ ပထမအမှုမှာ သံသယများစွာရှိခဲ့လိုု့လား ဒါမှမဟုုတ် ဥပဒေအရ လိုုအပ်ချက်တွေ တိုုးမြှင့်လာလိုု့လားတော့ မသိပါ။ DNA နမူနာကိုု လက်မောင်းသွေးကနေသာ မက ပါးစောင်မှအသားစနှင့် ဆံပင်တိုု့ကပါ ယူစေခဲ့ပါတယ်။ အဲဒီအခါမှာ ဒေါက်တာရှနီဘာဂါရဲ့ DNA ဟာ သူ့ရဲ့မယားပါသမီးကိုု စော်ကားတဲ့တရားခံရဲ့ DNA နဲ့ တူညီယုုံမ ျှမက သူ့ပထမအမှုက တရားလိုု ကန်ဒစ်ကိုု ကျူးလွန်ခဲ့သူရဲ့ DNA နဲ့ပါ တူညီနေကြောင်း တွေ့လာရပါတယ်။

ဒါဆိုုရင် ပထမအမှုမှာ ဒေါက်တာရှနီဘာဂါဟာ ဘာလိုု့ DNA မတူပဲ အမှုက လွတ်မြောက်သွားခဲ့ပါသလဲ။ ဒီမေးခွန်းကိုု တရားရုုံးနဲ့ အမှုစစ်အဖွဲ့က အကြိမ်ကြိမ်စစ်မေးခဲ့ပြီးနောက်ဆုုံး တရားခွင်တစ်ခုုမှာ ဒေါက်တာရှနီဘာဂါက သူ့အပြစ်ကိုု ဝန်ခံခဲ့ပြီး DNA က လွတ်အောင် ဘယ်လိုုရှောင်ခဲ့သလဲဆိုုတာ ကိုုပါ ထုုတ်ဖော်ပြောကြားခဲ့ပါတယ်။

သူ့ကိုု DNA စစ်မယ့်ရက်ချိန်းမတိုုင်ခင်မှာ သူ့လူနာထဲက အမျိုးသားတစ်ဦးရဲ့ သွေးကိုု ပလပ်စတစ်ပြွန်ငယ်တစ်ခုုထဲမှာ ထည့်ပြီး သူ့လက်မောင်းက ပုုံမှန်သွေးစစ်နေကျ နေရာနားမှာ ခွဲစိပ်ပြီး မြှုပ်ထည့်ထားခဲ့တာ ဖြစ်ပါတယ်။ ခွဲစိပ်ဆရာဝန်တစ်ဦး ဖြစ်တာမိုု့ သူ့အတွက်တော့ အခက်အခဲမရှိပါဘူး။ DNA နမူနာယူတိုုင်းမှာ အများရှေ့မှောက်မှာ သူ့လက်မောင်းသွေးကိုု သူကိုုယ်တိုုင် အပ်နဲ့ထုုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီသွေးက သူ့သွေးအစစ်မဟုုတ်ပဲ သူကိုုယ်တိုုင်မြှုပ်ထားတဲ့ ပိုုက်ထဲက သွေးတွေ ဖြစ်နေတာ တစ်ခုုပါပဲ။

အမှုနှစ်မှုလုုံးအတွက် ဒေါက်တာရှနီဘာဂါဟာ ထောင်ခြောက်နှစ်ပဲ ကျခဲ့တာကတော့ ထူးခြားပါတယ်။ ဘာကြောင့်လဲတော့ မသိပါဘူး။ ဒါပေမယ့် သူ့ရဲ့ ဆရာဝန်လိုုင်စင်ကိုု ရုုပ်သိမ်းခဲ့ပါတယ်။ ဇနီးသည် လီဆာကလည်း သူနဲ့ ကွာရှင်းခဲ့တဲ့အပြင် ၁၉၉၃ခုုနှစ်က သူ ကနေဒါနိုုင်ငံသား လေ ျှာက်ထားစဉ်က စာရွက်စာတမ်းအချို့လိမ်လည်တင်ပြခဲ့ကြောင်းကိုုပါ ဖော်ကောင်လုုပ်ခဲ့တာကြောင့် နိုုင်ငံသားအဖြစ်က ရုုပ်သိမ်းခဲ့ပါတယ်။ ဒါကြောင် ထောင်ကလွတ်တော့ သူ့ကိုုကနေဒါနိုုင်ငံက နှင်ထုုတ်ခဲ့ပါတယ်။

ဒီအမှုဟာ ကနေဒါနိုုင်ငံမှာ အုုတ်အော်သောင်းတင်းဖြစ်ခဲ့တာကြောင့် နောက်ပိုုင်းမှာ Documentry တွေနဲ့ ရုုပ်သံဇာတ်လမ်းတွဲတွေ ရိုုက်ကူးခဲ့ကြပါတယ်။

ဒီအမှုကနေ ယူစရာတွေကတော့ DNA စစ်ချက်တစ်ခုုတည်းနဲ့ အမှုကိုု ဆုုံးဖြတ်လိုု့ မရပါ။ မသင်္ကာရင် DNA ထပ်မံစစ်ဆေးဖိုု့ တောင်းဆိုုခွင့် ရှိရပါမယ်။ အရေးအကြီးဆုုံးကတော့ စော်ကားခံရသူဆီက ရတဲ့ DNA ကိုု ဘယ်လိုုစစ်ဆေးပြီး မှတ်တမ်းယူထားသလဲဆိုုတာက အရေးကြီးပါတယ်။ အဲဒါကိုု အစားထိုုး ဖျောက်ဖျက်လိုုက်ရင်တော့ လမ်းစပျောက်သွားမှာပါ။

Crd M Zaw Moe