အဖိုးအဖွားများ ထမင်းတစ်နပ်အတွက် မိတ်ဆွေတိုု့- အပန်းမကြီးဘူးဆိုုရင်SHARE ပေးကြပါဦးဗျာ…

အဖိုးအဖွားများ ထမင်းတစ်နပ်အတွက် မိတ်ဆွေတိုု့- အပန်းမကြီးဘူးဆိုုရင်SHARE ပေးကြပါဦးဗျာ…

မိတ်ဆွေတိုု့– အပန်းမကြီးဘူးဆိုုရင် အဖိုးအဖွားများ ထမင်းတစ်နပ်အတွက် SHARE ပေးကြဗျာ.. အစွန့်ပစ်ခံဘိုးဘွား ၂ ထောင်ကျော်ဟာ သန်လျင်မြို့က`သဘာဝတရားရိပ်သာ`မှာ ရှိနေပါတယ်။အိုမင်းမစွမ်းဖြစ်ချိန်မှာ ငွေကြေးချို့တဲ့သူတွေ၊ စိတ်ပိုင်း/ရုပ်ပိုင်း ကျန်းမာရေးချို့ယွင်းသူတွေ…သေခြင်းတရားကို ကျောတစ်ခင်းစာနေရာလေးကနေ စောင့်မျှော်နေရသူတွေ…တချို့ကို မိသားစုက လာပို့ခဲ့ကြတယ်၊

တချို့ ကိုယ့်ဘာသာ ရောက်လာခဲ့ကြတယ်၊ တချို့ကကျတော့ လမ်းပေါ်က ဒါမှမဟုတ် ဆေးရုံတွေမှာ ဆေးကုသဖို့လာရင်း ပြန်စရာနေအိမ် မရှိသူတွေ၊အားကိုးရာမဲ့သူတွေ။အကြောင်းဒုက္ခအမျိုးမျိုးနဲ့ရောက်လာသူတွေကို လူမျိုး၊ ဘာသာ၊ လူတန်းစား၊ကျန်းမာရေးအခြေအနေ စတာတွေနဲ့ ပတ်သတ်လို့ ခွဲခြားဆက်ဆံခြင်း လုံးဝမရှိဘဲ အခမဲ့ ခိုနားခွင့်ပေးထားတယ်လို့ ဆိုပါတယ်။

ဝါးနဲ့ဆောက်ထားတဲ့ တန်းလျားအဆောင်ပေါင်း ၅၀ ကျော်မှာ တစ်ဦးကို ကျောတစ်ခင်းစာ နေရာ ရကြတယ်။သဘာဝကအပြန် ရင်ထဲမှာ သက်ပြင်းတွေရယ်၊ သံဝေဂတွေရယ်၊ စိတ်ကုန်ငြီးငွေ့ခြင်းတွေရယ် ၊ တာဝန်တွေရယ် ရောပြွန်းလို့။လိပ်စာမေးသူ၊ ဆက်သွယ်ချင်တယ်လို့ ပြောလာသူတွေ တွေ့ရလို့ …ဒီမှာပဲ ပြောပြလိုက်ပါတယ်၊

ကျေးဇူးပြုပြီး တစ်ခါတည်း ဖတ်သွားကြပါခင်ဗျာ။ ကျွန်တော်က ဒီအကြောင်းကို မျှဝေသူသာ ဖြစ်ပါတယ်။စိတ်ပါဝင်စားသူများ ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်ရင် ကောင်းပါလိမ့်မယ်ခင်ဗျ ။စခန်းတာဝန်ခံ ဒေါ်ခင်စမ်းဦး – ဖုန်းနံပါတ် ၀၉ ၄၂၀၀၇၆၈၆၆ ကနေ တဆင့် ဆက်သွယ်နိုင်ပါတယ်။

ဒီတရားရိပ်သာက လမ်းကြားထဲ တော်တော်ရှည်ရှည် ဝင်ရပါတယ်။လမ်းနာမည်၊ နံပါတ်နဲ့တကွ ညွှန်လို့မရပါဘူး။ သန်လျင် ကျိုုက်ခေါက်ဘုရားနဲ့ အရှေ့ ပိုင်းတက္ကသိုလ် (တာဝ)ကြားလို့ ပြောရမယ်။တာဝသွားတဲ့ လမ်းဆုံရောက်ရင် ဘယ်ဘက်ချိုုူးရပါတယ်။

အဲဒီ့နားက ဆက်ပြီးရှေ့တောက်လျှောက်လမ်းမှာတော့ ‘သဘာဝ တရားရိပ်သာကို ဘယ်လိုသွားရမလဲ’လို့ မေးကြည့်ရင် တွေ့သမျှလူက ညွှန်ပေးသွားကြတာပါပဲ။သင့်ရဲ့ SHARE တစ်ချက်ဟာ အဖိုးအဖွားများအတွက် အနည်းဆုံး ထမင်းတစ်နပ်စာကို ဖူလုံးနိုင်စေတယ်ဆိုတာကို မမေ့ကြပါနဲ့နော်။ Credit: Nyein Nyein Pyae