ရွှေထည် ၇၀ ကျပ်သား ခိုးယူသူတရားခံ ရွှေဆိုင်တွင်် ရွှေလာရောင်းရာ ဖမ်းမိ

မြိတ်မြို့မှ ရွှေထည် ၇၀ ကျပ်သား ခိုးယူသူတရားခံ ရွှေဆိုင်တွင်် ရွှေလာရောင်းရာမှ ပေါ်လာ

မြိတ်တွင် ဖောက်ထွင်းခံရသည့် ရွှေထည်ပစ္စည်းအချို့နှင့် လက်ခံထားသူအား ဖမ်းမိ

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ မြစ်ငယ်ရပ်၊ အ.ထ.က ၁ ကျောင်းလမ်းရှိ ရှေးဟောင်းအိမ်ကြီးမှာ ဖောက်ထွင်းခံရတဲ့ ရွှေထည်ပစ္စည်းအချို့ကို ဇွန်လ ၆ ရက်နေ့က လက်ခံထားသူနဲ့ အတူ ဖမ်းမိခဲ့တယ် လို့ မြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောပါတ ယ်။

နေအိမ်ပိုင်ရှင် ဦးတင့်ဆွေနဲ့ ဇနီးဖြစ်သူ ဒေါ်ရီရီအေးတို့ ကျန်းမာရေး အတွက် ရန်ကုန်ကို ေ ဆးကုသဖို့ ဇွန်လ ၈ ရက်နေ့က ထွက်သွားပြီး ဇူလိုင် ၅ ရက်နေ့၊ မနက်ပိုင်း နေအိမ်ပြန်ရောက်စဉ် အခန်းတွင်းရှိ ဘီရိုအောက်ထပ် အံဆွဲအတွင်းမှ ရွှေထည် ၇၀ ကျပ်သားလောက် ဖောက်ထွင်းခံရကြောင်းသိရှိခဲ့ တာပါ။

ဖောက်ထွင်းမှုနဲ့ ပတ်သက်ပြီး မြို့မရဲစခန်းမှ (ပ)၁၉၅၀/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀ နဲ့ အမှုဖွင့်ပြီး ရွှေဆိုင်တွေနဲ့ အပေါင်ဆိုင်တွေကို ပျောက်ဆုံး ရွှေထည်စာရင်းတွေ ဖြန့်ဝေထားခဲ့တယ်လို့ဆို ပါတယ်။

မြိတ ်တောင်နယ်မြေ၊ မြို့သစ်စျေးမှာ အမည်မသိ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦးက အလေးချိန် ၅ ကျပ်သား လောက်ရှိတဲ့ လက်ကောက်တကွင်း လာရောင်းလို့ ရောင်းချတဲ့ပမာဏမှာ မင်္သာကာဖွယ ်ဖြစ်နေတာကြောင့် ရွှေဆိုင်ပိုင်ရှင်က ရဲစခန်းကို အကြောင်းကြား ခဲ့တယ်လို့ သိရပါတယ်။

“ဖောက်ထွင်းခံရတဲ့ အိမ်ရှင်က ၅ ရက်နေ့မှာ တိုင်ချက်ဖွင့်တယ်။ ခိုးမှုကျူးလွန်တတ်တဲ့ သူတွေနဲ့ မသင်္ကာတဲ့ သူတွေက်ို အဖွဲ့ခွဲပြီး စုံစမ်းနေချိန်မှာ မြို့သစ်စျေးက ရွှေဆိုင်လုပ်ငန်းရှင်တယောက်က သူ့ဆိုင်မှာ အမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက် ၅ ကျပ်သား လက်ကောက်တကွင်း လာရောင်းတယ်။

မသင်္ကာလို့ မဝယ်ထားဘူးဆိုလို့ ဒီကတဆင့် လိုက်စုံစမ်းတော့ သုခ ၁ လမ်းက ၄ ခန်းတွဲတန်းလျားမှာ နေထိုင်တဲ့ အောင်ကိုလွင်လို့ သိတာနဲ့ ဖမ်းဆီးရေးအဖွဲ့ သွားဖမ်းတော့ ဆိုင်ကယ်နဲ့ထွက်ပြေးသွားတယ်။

ဆက်ပြီးစုံစမ်းတော့ မြို့မ ၁ ရပ်ကွက်၊ အောင်မုန့်တိုက်လမ်းသွယ်က သူ့နဲ့ရင်းနှီးတဲ့ မယဉ်ယဉ်စိုး(၂၇)နှစ်ရဲ့ နေအိမ်ကို ဝင်တယ်လို့ သိရတော့ မယဉ်ယဉ်စိုးရဲ့အိမ်မှာ သွားရှာတာ အောင်ကိုလွင်ကိုတော့ မတွေ့ဘူး ယဉ်ယဉ်စိုးကိုပဲ တွေ့တယ်။

သူ့နဲ့အတူ လွယ်အိတ်တလုံးကိုတွေ့လို့ သက်သေတွေရှေ့မှာ စစ်ဆေးတာ ဖောက်ထွင်းရာမှာ ပျောက်ဆုံးတဲ့ ရွှေထည်ပစ္စည်း ၃၇ ကျပ်သား တွေ့ရတယ်”လို့ မြို့မရဲစခန်းမှူး ဒုရဲမှူးချိုလွင်က ပြောပါ တယ်။

ထွက်ပြေး တိမ်းရှောင်နေသူ အောင်ကိုလွင်နဲ့ ယဉ်ယဉ်စိုး၏ ခင်ပွန်းဖြစ်သူ သူရကိုတို့မှာ ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်ပြီး အချိန်မတော် အတူသွားလာကြကြောင်း စုံစမ်းသိ ရတယ်လို့ ဆိုပါတယ်။

အမှုနဲ့ပတ်သက်နေတဲ့ အောင်ကိုလွင်၊ သူရကိုနဲ့ လက်ကျန် ရွှေထည်ပစ္စည်းတွေ ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ မြိတ်မြို့မရဲစခန်းက ဆောင်ရွက် နေတယ်လို့ သိရပါတယ်။ မြတ်ထွဋ် (မြိတ်)