Victoriaလေးအမှုရဲ့ ကွဲလွဲကွာဟချက်များ

Victoriaလေးအမှုရဲ့ ကွဲလွဲကွာဟချက်များ

BBC ကနေ မူကြိုဆရာမ၂ယောက်ကို အင်တာဗျူးတယ်။အမှူနဲ့ပတ်သက်ပြီးတော့ နာမည်သတင်းထွက်နေတဲ့ဒေါ်ဥမ္မာလှိုင်ရဲ့ကလေး၂ယောက်ဟာ ဒီကျောင်းခန်းကို လာလေ့ရှိသလားလို့မေးတယ်။နှင်းနုဆိုတဲ့ဆရာမက တခါမှ မလာဖူးဘူး။တခါမှမတွေ့ဘူးလို့ဖြေတယ်။တခြားဆရာမတစ်ယောက်ကတော့ ဆရာမကြီးရဲ့သားတွေဆိုတော့ ရံဖန်ရံခါလာတာမျိုး မြင်မိပါတယ်လို့ဖြေတယ်။

ဒီမှာတင် ဆရာမ၂ယောက်ရဲ့အဖြေက ကွဲလွဲနေပြီဖြစ်တယ်။ဒါဟာထူးခြားမှုတစ်ခုပဲဖြစ်တယ်။ဒါ့အပြင် ဒရိုင်ဘာအောင်ကြီးရဲ့အဖေကို ဧရာဝတီသတင်းဌာနကအင်တာဗျူးတော့ သူအလုပ်စဝင်တဲ့နေ့ ၁၆ရက်နေ့မနက်မှာပဲ ကျောင်းကိုရောက်တော့ ဆရာမဒေါ်ဥမ္မာလှိုင်နဲ့သူ့သားအငယ်လေးကကျောင်းခန်းမှာဆင်းတယ်လို့ ပြောတာသိရတယ်။ဒီတော့ သေချာတာတစ်ခုကတော့ ဆရာမရဲ့သားအငယ်၈တန်းကလေးဟာ အဲ့ဒီနေ့က ကျောင်းကိုလိုက်လာလိမ့်မယ်။

အဲ့ဒီကျောင်းဝန်းဟာ မူကြိုကျောင်းလေးတစ်ခုတည်းရှိတာမဟုတ်ဘဲနဲ့ တခြားအတန်းကျောင်းတွေပါရှိနေတဲ့ compound တစ်ခုဖြစ်တယ်။ဒီတော့ သူလည်းသူ့ကျောင်းသွားတက်ရင်တက်မှာပေါ့။ဒါပေမယ့် ၈တန်းကလေးတစ်ယောက်နဲ့သူ့အမေကျောင်းဝန်ထမ်းတို့ဟာ ထမင်းစားချိန်မှာတော့ အတူတူစားမယ်ဆိုတာ သေချာပေါက်ပဲ။

အဲ့ဒီတော့ သူ့အမေရုံးခန်းရှိရာ မူကြိုကျောင်းကလေးကို ဒီကလေးကလာကိုလာတတ်လိမ့်မယ်။သူလာတဲ့ထမင်းစားချိန်ဟာ မူကြိုကလေးတွေနေ့လည်ခင်းအိပ်ချိန်ဖြစ်ရင်ဖြစ်နေမယ်။ဒါမှမဟုတ် ထမင်းစားပြီးချိန်မှာ ကလေးတွေအိပ်ချိန်ဖြစ်လိမ့်မယ်။

ဒီလိုမူကြိုကလေးတွေအိပ်ချိန်ဟာ သူတို့ဆရာမတွေနားချိန်ပဲ။အမြဲတမ်းရင်အုပ်မကွာရှိနေပါတယ်ဆိုပေမယ့် ကလေးအိပ်ချိန်မှာတော့ အမေရင်းတွေတောင်မှ ထမင်းစား တခြားလုပ်စရာရှိတာလုပ်တာမျိုးလုပ်လေ့ရှိကြတာပဲ။ဒီတော့ ဒီလိုအချိန်ဟာ ကလေးတွေအတွက်လုံခြုံရေးအားအနည်းဆုံးအချိန်ပဲ။ဒီထမင်းစားချိန်မှာ မူကြိုကလေးတွေရှိနေတဲ့ဟောခန်းထဲမှာ ဆရာမတွေမရှိနေနိုင်ဘူး။သီးခြားအခန်းတစ်ခုမှာ ထမင်းစုစားမယ်။အာလူးဖုတ်မယ်။ဖုန်းသုံးကြမယ်ဆိုတာ အသေအချာပါပဲ။ဒီအချိန်ဟာ ကလေးတွေအတွက် လုံခြုံရေးအားအနည်းဆုံးအချိန်ပဲဖြစ်တယ်။

သိချင်တာကတော့ အဲ့ဒီနေ့ကဒေါ်ဥမ္မာလှိုင်ရဲ့သားအငယ်ကောင် ညီညီဟာ ကျောင်းတက်ပါသလား။ထမင်းစားချိန်မှာ ညီညီဟာသူ့ကျောင်းခန်းမှာပဲရှိနေသလား။အဲ့ဒီနေ့က ညီညီဟာ သူ့အမေရှိတဲ့ မူကြိုကလေးတွေကျောင်းခန်းကို ရောက်ခဲ့သလား။ညီညီအတွက် ခိုင်မာတဲ့အလီဘိုင်သက်သေတွေပြစေချင်တယ်။ဒါ့အပြင် ညီညီ့ DNA နဲ့ ကလေးရဲ့ထိုးသွင်းဒဏ်ရာကရတဲ့ သုတ်ပိုးDNA ကို တိုက်ဆိုင်စစ်ဆေးစေချင်တယ်။မြန်မာပြည်က CID မှာ DNA စစ်ဆေးလို့မရနိုင်သေးဘူးလို့သိရပါတယ်။ဒါတွေကို Third Party အဖွဲ့အစည်းတစ်ခုကနေပြီး စင်ကာပူတို့ ဘန်ကောက်တို့ကိုပို့ပြီးစစ်ဆေးစေချင်ပါတယ်။

အောင်ကြီးရဲ့ DNAကိုရောပေါ့လေ။

တစ်ခုရှိတာကတော့ ဒရိုင်ဘာအောင်ကြီးကိုတရားခံလို့စွပ်စွဲတော့ အောင်ကြီးရဲ့မိဘတွေနဲ့အသိတွေကငြင်းဆန်ကြတယ်။တရားခံမဖြစ်နိုင်ကြောင်း ငြင်းဆန်ကြတယ်။

ဒေါ်ဥမ္မာလှိုင်ရဲ့သား၂ယောက်နဲ့မိသားစုပုံတွေကို အွန်လိုင်းမှာတရားခံအဖြစ်စွပ်စွဲပြီး ဖွကြတော့ သူတို့ဟာငြင်းဆန်ခြင်းမပြုကြဘူး။ကိုယ်သာ သူ့မိဘတွေနေရာမှာဖြစ်ပြီး ကိုယ့်သားကပြုကျင့်တာမဟုတ်ခဲ့ဘူးဆိုရင်သေသေချာချာမားမားမတ်မတ်ရပ်တည်ဖြေရှင်းပစ်လိုက်မှာပဲ။ဒါဟာသားသမီးတွေရဲ့အနာဂတ်ပဲလေ။

ကျွန်မသားလေး ဒီအချိန်မှာ သူ့ကျောင်းကဒီစာသင်ခန်းမှာရှိနေပါတယ်။တခြားကလေးတွေနဲ့ဆရာမတွေနဲ့သက်သေအထောက်အထားခိုင်ခိုင်မာမာပြနိုင်ပါတယ်(ဒီမူကြိုကျောင်းမှာသာ စီစီတီဗီမတပ်ထားတာ၊တခြားကျောင်းတွေမှာတော့ တပ်ထားပါတယ်။)ဒီတော့ စီစီတီဗီအထောက်အထားတွေနဲ့ပါ ခိုင်ခိုင်မာမာပြသပြီးတော့ သက်သေထူပစ်လိုက်မှာပါ။ကျွန်မကလေးကို မစွပ်စွဲကြနဲ့။ကျွန်မသားအငယ်လေးက ဒီနေရာမှာ ဘယ်အချိန်ကနေဘယ်အချိန်ထိ ဘယ်သူတွေနဲ့ရှိနေပါတယ်။

သားအကြီးကတော့ ဘယ်နေရာမှာ ဘယ်သူတွေနဲ့ဘယ်အချိန်ကနေ ဘယ်အချိန်ထိ အတူတူရှိနေပါတယ်အစရှိသဖြင့် ထမီအလံထူပြီး တလောကလုံးကို ရဲရဲဝင့်ဝင့်သက်သေလွှင့်ပစ်လိုက်မှာပါ။ဒီအတွက် ဒီလိုမျိုးသေသေချာချာသက်သေထူထားပါလျက်နဲ့ တရားခံလို့စွပ်စွဲရင်တော့ ဘယ်လိုမျိုးအရေးယူပစ်ပါမယ်ဆိုပြီးပြောပစ်လိုက်မှာ။ဒါဆိုရင် အားလုံးလည်းကျေနပ်မယ်။ကိုယ့်ကလေးတွေလည်း အကာအကွယ်ရပါမယ်။အခုကတော့အားလုံးသိတဲ့အတိုင်းပါပဲ။

ပြီးရင် အောင်ကြီးကျောင်းမှာရှိနေတဲ့အချိန်မျိုးဟာ မူကြိုကလေးတွေ ဆရာမတွေနဲ့ဆော့ကစားနေချိန်၊သီချင်းဆိုချိန်၊စာသင်ချိန်ဖြစ်လိမ့်မယ်။ဒီလိုactive ဖြစ်နေတဲ့အချိန်မျိုးမှာ ဒီနေ့မှအလုပ်ဆင်းပြီး တခါမှမရောက်ဖူးတဲ့နေရာမှာ အောင်ကြီးဟာ အခုမှမြင်ဖူးမှာဖြစ်တဲ့သမီးလေးကို ဘယ်လိုမျိုးအနိုင်ကျင့်နိုင်မှာလဲ။

အာသာဖြေပြီးမှ သုတ်ရည်ပေတဲ့လက်နဲ့ကလေးကိုထိုးသွင်းဖို့ဆိုတာ ကိုယ့်ကိစ္စပြီးရင် ဘယ်လိုစိတ်မျိုးရှိသလဲဆိုတဲ့ ကျုပ်တို့ယောက်ျားလေးတွေသိပါတယ်။ဒါဟာ သွေးသားပြောင်းလဲခါစ လူပျိုပေါက်ကလေးတစ်ယောက်ရဲ့ တပ်ထွက်လက်တည့်စမ်းမှုပဲဖြစ်မယ်။ကလေးအမေက ကျောင်းကိုမနက်ကဝတ်ပေးလိုက်တဲ့ဘောင်းဘီ(သို့)စကပ်ကို အသစ်လဲဝတ်ပေးထားတယ်ဆိုတာကလည်း ဒီသံသယကိုဖြစ်ပေါ်စေတာပါပဲ။

ကျုပ်ရဲ့ထင်မြင်ယူဆမှန်းဆချက်သက်သက်သာဖြစ်တယ်။မဟုတ်ဘူးဆိုရင် ကျုပ်မေးခွန်းတွေဖြေပေးပြီးသက်သေထူပေးစေချင်တယ်။ဒါ့အပြင် အမှန်တရားတစ်ခုဟာ မူကြိုကျောင်းဆရာမလေးတွေဆီမှာရှိနေမယ်လို့ကျုပ်တော့ ယုံကြည်မိတယ်။ဒီဆရာမတွေကို သေချာစစ်ကြောစေချင်တယ်။

BBC ကနေ မူကြိုဆရာမ၂ယောက်ကို အင်တာဗျူးတယ်။အမှူနဲ့ပတ်သက်ပြီးတော့ နာမည်သတင်းထွက်နေတဲ့ ဒေါ်ဥမ္မာလှိုင်ရဲ့ကလေး၂ယောက်ဟာ…

Posted by

Credit: မြင့် သိန်: လွင် on Saturday, July 6, 2019

မြင့်သိန်းလွင်

Justice_For_Victoria