ပုဂံကမ္ဘာ့ အလယ်မှာ ဝင့်ကြွားနိုင်ပြီ

ပုဂံကမ္ဘာ့ အလယ်မှာ ဝင့်ကြွားနိုင်ပြီ

ပုဂံဟာ ရှေးဟောင်းယဉ်ကျေးမှု မြို့တော်အဖြစ် ကမ္ဘာ့အမွေအနှစ်စာရင်းကို ဒီနေ့ပဲ သတ်မှတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အရမ်းပဲ ဝမ်းသာကြည်နူးရပါတယ်။ အခုဆိုရင် ပုဂံဟာ စစ်မဲ့ဇုန်အဖြစ်သတ်မှတ်နိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေလည်း အမြောက်အမြား ရနိုင်ပါတော့မယ်။

ထို့အပြင် ကမ္ဘာအနှံ့က အသိပညာရှင် အတတ်ပညာရှင်တွေရဲ့ နည်းပညာတွေနဲ့ အကောင်းဆုံး ပြုပြင်ထိန်းသိမ်းနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ဥပဒေမဲ့ စည်းကမ်းမဲ့ လုပ်ရပ်တွေ သိသိသာသာ လျော့ကျအရေးယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်က ကျင်းပခဲ့တဲ့ ၂၁ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေးက ပုဂံယဉ်ကျေးမှု အမွေအနှစ်သည် ဥပဒေအရ ထိ်န်းသိမ်းစောင့်ရှောက်နိုင်မှု မရှိခဲ့ခြင်း ၊ တိကျသော နယ်မြေ မသတ်မှတ်နိုင်ခြင်း တို့ကြောင့် စာရင်းကနေ ပယ်ချခံခဲ့ရဖူးပါတယ်။

အခုခါမှာတော့ ပုဂံဟာ အခက်အခဲတွေ ကြားထဲကနေပြီး UNESO ကမ္ဘာ့အမွေအနှစ် စာရင်း ဝင်သွားခဲ့ပါပြီ။ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သွားပြီဖြစ်တဲ့ ကြီးမြတ်လှတဲ့ ပုဂံကို ကိုယ်တွေရဲ့ လက်ထက်မှာ မပျက်စီးရအောင် ၀ိုင်းဝန်းထိန်းသိမ်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

photos credit