ပထမဆုံးအကြိမ်် ပရိသတ်အရှေ့ကို ထွက်လာတဲ့ Song Hye Kyo

ပထမဆုံးအကြိမ်် ပရိသတ်အရှေ့ကို ထွက်လာတဲ့ Song Hye Kyo

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Song Hye Kyo ဟာ သူမရဲ့ ခင်ပွန်းဖြစ်သူ Song Joong Ki နဲ့ ကွာရှင်းတော့မယ်ဆိုတာကို ပရိသတ်တွေအားလုံးသိထားပြီးသား ဖြစ်မှာပါ။ အိမ်ထောင်သက်တမ်း ၂ နှစ်ပတ်ဝန်းကျင်မျှသာ ကြာမြင့်လိုက်တဲ့ သူတို့စုံတွဲဟာ လက်ထပ်ချိန်တုန်းကလည်း ပရိသတ်တွေကို အံ့သြဝမ်းသာဖြစ်စေခဲ့သလို ကွာရှင်းတော့မယ်လို့ ကြေညာလိုက်တဲ့အခါမှာလည်း ပရိသတ်ပေါင်းများစွာကို အကြီးကြီးရှော့ခ်ရစေခဲ့ပါတယ်။

Song Hye Kyo ဟာ ခင်ပွန်းဖြစ်သူ Song Joong Ki နဲ့ ကွာရှင်းတော့မယ်ဆိုတဲ့သတင်းထွက်ခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ကနေ စတင်ပြီးတော့ ပရိသတ်တွေအရှေ့ကနေ ပျောက်ကွယ်သွားခဲ့တာကြောင့် ပရိသတ်တွေမှာ သူတို့ချစ်တဲ့ မင်းသမီးကို စိတ်ပူနေခဲ့ကြပါတယ်။

ဇူလိုင်လ ၃ ရက်နေ့မှာတော့ Song Hye Kyo ဟာ တရုတ်နိုင်ငံမှာ ပြုလုပ်မယ့် အလှကုန်အမှတ်တံဆိပ်တစ်ခုရဲ့ပွဲအခမ်အနားတစ်ခုကို ဇူလိုင်လ ၆ ရက်နေ့မှာ တက်ရောက်မယ်ဆိုတဲ့သတင်းက ထွက်ရှိလာခဲ့ပါတယ်။ ဒီလိုမျိူး သတင်းထွက်ခဲ့ပေမယ့်လည်း မသေချာတဲ့သတင်းတစ်ခုအဖြစ်နဲ့ပဲ ရှိခဲ့တာကြောင့် ပရိသတ်တွေမှာ မချင့်မရဲဖြစ်ခဲ့ကြရပါတယ်။

ဒါပေမယ့်လည်း ကွာရှင်းတဲ့သတင်းထွက်ရှိပြီး (၁) ပတ်ကျော်အကြာ ဒီနေ့ ဇူလို်င်လ ၆ ရက်နေ့မှာတော့ Song Hye Kyo ဟာ တရုတ်နိုင်ငံ၊ ဟိုင်နန်မြို့ရှိ Sanya International Duty Free City မှာ ပြုလုပ်ခဲ့တဲ့ ‘Sulwhasoo’ အလှကုန်အမှတ်တံဆိပ်ရဲ့ ပွဲအခမ်းအနားကို အဖြူရောင်ဝတ်စုံလေးနဲ့ တက်ရောက်ခဲ့ပြီး ပရိသတ်တွေအရှေ့ကို ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒါဟာ Song Hye Kyo အနေနဲ့ ခင်ပွန်းဖြစ်သူ Song Joong Ki နဲ့ ကွာရှင်းတဲ့သတင်းထွက်ပြီးနောက် ပထမဆုံးအကြိမ်် ပရိသတ်အရှေ့ကို ထွက်ရှိလာတာမို့လို့ ထိုအခမ်းအနားကိုတက်ရောက်ခဲ့တဲ့ ပရိသတ်တွေဟာဆိုရင် အလွန်ကိုများပြားခဲ့တယ်လို့ သိရပါတယ်။

Song Joong Ki ဟာ ဇနီးဖြစ်သူ Song Hye Kyo နဲ့ ကွာရှင်းဖို့အတွက်ကို ဇွန်လ ၂၆ ရက်နေ့မှာ လျှောက်ထားခဲ့ပြီး မီဒီယာတွေနဲ့ ပရိသတ်တွေကိုတော့ လျှောက်ထားပြီးနောက်တစ်နေ့ ဇွန်လ ၂၇ ရက်နေ့မှာ ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။ Song Hye Kyo အနေနဲ့ အခုလိုမျိုး ပွဲအခမ်းအနားတွေတက်ရောက်ပြီး ပရိသတ်တွေအရှေ့ကို ပြန်လည်ထွက်ပေါ်လာပေမယ့်လည်း Song Joong Ki ကတော့ ပွဲအခမ်းအနားတက်ရောက်တာမျိုးတွေကို အချိန်တစ်ခုလောက်ရပ်နားထားမယ်လို့ ကြေညာထားပါတယ်။

Ref : Allkpop

Mia (Momolay

Credit – momolay