Song Joong Ki ရဲ့ဖခင်ကသားဖြစ်သူရဲ့ကွာရှင်းမှုက သူကို်ယ်တိုင်နဲ့ ကာယကံရှင် Song Joong Ki ရဲ့အပြစ်တွေသာဖြစ်တယ်လို့ ဆိုလိုက်ပါတယ်

Song Joong Ki ရဲ့ဖခင်ကသားဖြစ်သူရဲ့ကွာရှင်းမှုက သူကို်ယ်တိုင်နဲ့ ကာယကံရှင် Song Joong Ki ရဲ့အပြစ်တွေသာဖြစ်တယ်လို့ ဆိုလိုက်ပါတယ်

Song Joong Ki ရဲ့ဖခင်ဖြစ်သူ Song Yong Gak ဟာ သားဖြစ်သူ Song Joong Ki နဲ့ ချွေးမဖြစ်သူ Song Hye Kyo တို့ရဲ့ ကွာရှင်းတဲ့သတင်းထွက်ပေါ်ပြီး ၈ ရက်အကြာမှာတော့ သူ့ရဲ့အသိမိတ်ဆွေတွေထံကို စာတစ်စောင်ပေးပို့ပြီး ထွက်ပေါ်နေတဲ့ ကောလဟာလတွေနဲ့ ပတ်သတ်လို့ ဖြေရှင်းချက်ထုတ်ပေးလိုက်ပါတယ်။

ပေးပို့လိုက်တဲ့ စာထဲမှာတော့ သားဖြစ်သူရဲ့ ကွာရှင်းမှုအတွက် တောင်းပန်ကြောင်းနဲ့ ဒီကွာရှင်းမှုဟာ သူနဲ့ သူ့သားဖြစ်သူတို့ရဲ့ လိုအပ်ချက်တွေကြောင့်သာဖြစ်တယ်လို့ဆိုကာ သားဖြစ်သူကိုသာမက သူ့ကိုယ်သူလည်း အပြင်တင်ထားတာ ဖြစ်ပါတယ်။

“ရုတ်တရက်ထွက်ပေါ်လာတဲ့ သတင်းဆိုးနဲ့ ပတ်သတ်ပြီး ကျွန်တော် တောင်းပန်ပါတယ်။ ဒါတွေအားလုံးက ကျွန်တော်နဲ့ Joong Ki ရဲ့ လိုအပ်ချက်တွေကြောင့်ပါပဲ။ အရာအားလုံးကို မှန်မှန်ကန်ကန်နဲ့ပဲ အဆုံးသတ်ပေးသွားမှာပါ။ ဒီလိုမျိုး ပြီးဆုံးဖို့အတွက် သတ္တိတွေ၊ လမ်းညွှန်မှုတွေပေးပြီး ကျွန်တော်တို့ကို စောင့်ကြည့်နေပေးပါ။ ကျန်းမာပျော်ရွှင်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ” လို့ဆိုပြီး Song Joong Ki ရဲ့ ဖခင်ဖြစ်သူက သူ့ရဲ့ မိတ်ဆွေထံကို စာတိုပေးပို့ထားတာ ဖြစ်ပါတယ်။

Song Joong Ki ရဲ့ ဖခင်ဖြစ်သူဟာ ချွေးမဖြစ်သူနဲ့ပတ်သတ်ပြီး အမြဲတမ်းဂုဏ်ယူကြောင်း၊ သမီးတစ်ယောက်လို ချစ်ကြောင်းကို မကြာခဏဆိုသလို ဖော်ပြတတ်သူဖြစ်တာကြောင့် ပရိသတ်တွေအကြားမှာ စိတ်ဝင်စားမှုကို ရရှိခဲ့သူ ဖြစ်ပါတယ်။လက်ရှိမှာတော့ ကာယကံရှင် ၂ ယောက်ဖြစ်တဲ့ Song Joong Ki နဲ့ Song Hye Kyo တို့ကတော့ ကွာရှင်းမှုကို အပြီးသတ်ဖို့အတွက် စောင့်ဆိုင်းလျှက်ရှိကာ ကိုယ်စီ၊ ကိုယ်စီ ရိုက်ကူးရေးတွေကို ဆက်လက်လုပ်ကိုင်နေကြပါတယ်။

Credit- momolay