အဂတိတိုက်ဖျက်ရေးအဖွဲ့ဖြင့်သမ္မတကိုယ်တိုင်စစ်ဆေးသင့်ဟု ဆို

အဂတိတိုက်ဖျက်ရေးအဖွဲ့ဖြင့်သမ္မတကိုယ်တိုင်စစ်ဆေးသင့်ဟု ဆို

နေပြည်တော်ရှိ Wisdom Hill ကျောင်းတွင်တက်ရောက်နေသည့် ၃ ခန့်အရွယ်ကလေးငယ် အဓမ္မပြုကျင့်ခံရမှုကို နိုင်ငံတော်သမ္မတကိုယ်တိုင် အဂတိတိုက်ဖျက်ရေးအဖွဲ့ဖြင့် စစ်ဆေးသင့်ကြောင်း တရားလွှတ်တော်ရှေ ့နေဦးငိုင်ဆာ့ခ်က အကြံပြုတိုက်တွန်းလိုက်သည်။နေပြည်တော်တွင်ဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းမှုကို သမ္မတကိုယ်တိုင် အဂတိတိုက်ဖျက်ရေးအဖွဲ့ဖြင့် စစ်ဆေးသင့်ဟု ဆို

တရားလွှတ်တော်ရှေ့နေဦးငိုင်ဆာခ့်က ၄င်း၏ Facebook စာမျက်နှာတွင် ဇူလိုင်လ ၄ ရက်က ယခုကဲ့သို့ ရေးသားအကြံပြုထားခြင်းဖြစ်သည်။ “နေပြည်တော် ကလေးငယ်ကျူးလွန်ခံမှုနှင့်ပတ်သက်၍ပြည်ထဲရေးဝန်ကြီးဌာန၊ရဲတပ်ဖွဲ့၊ ရှေ့နေချုပ်ရုံး၊ကျန်းမာရေးဝန်ကြီးဌာနသည် အစိုးရအဖွဲ့ဝင်ဌာနများဖြစ်၍ နိင်ငံတော်သမ္မတက တိုက်ရိုက်ညွှန်ကြား ကွပ်ကဲနိုင်ပါတယ်။

(တရားရေးရွေးကောက်ပွဲကော်မရှင်၊အခြေခံဥပဒေခုံရုံးနဲ့မတူပါ)အမှုစုံစမ်းစစ်ဆေးခြင်း ၊ အမှုတည်ဆောက်ခြင်း၊ ဥပဒေအကြံပြုခြင်းအဆင့်ဆင့်မှာ သံသယဖြစ်ဖွယ်တွေ့ရင် အဂတိတိုက်ဖျက်ရေး ကော်မရှင်ကိုကိုင်တွယ်စေသင့်သည်ဟုယူဆပါတယ်။ ဒါကြောင့် အမှုနှင့်ဆက်စပ်သက်ဆိုင်သူ နစ်နာသူမိသားစု၊ သက်သေများ၊ စုံစမ်းစစ်ဆေးသူများ၊အမှုတည်ဆောက်သူများ၊ အနှောင်အဖွဲ့ ကင်းကင်းရှင်းရှင်းဖြင့် ပြောဆိုကိုင်တွယ်ဆောင်ရွက်ကြပါရဲလားဆိုတာ ပြည်သူတွေသံသယရှင်းအောင် သမ္မတကြီးကိုယ်တိုင် အဂတိတိုက်ဖျက်ရေးအဖွဲ့ဖြင့် စစ်ဆေးစေသင့်ကြောင်း အများပြည်သူအကျိုးအတွက် စေတနာဖြင့်တင်ပြအပ်ပါတယ်’’ ဟုတရားလွှတ်တော်ရှေ့နေဦးငိုင်ဆာ့ခ်က ရေးသားထားသည်။

ဖြစ်စဉ်မှာ နေပြည်တော်ကောင်စီ၊ ဒက္ခိဏသီရိခရိုင်၊ ဇမ္မူသီရိမြို့နယ် သပြေကုန်းရှိ Wisdom Hill ကျောင်းတွင် တက်ရောက်နေသည့် ၃ နှစ်ခန့်အရွယ်ရှိ ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရသည်ဆိုကာ ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ မေလ ၁၇ ရက်တွင် သက်ဆိုင်ရာရဲစခန်း၌ အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ဇမ္မူသီရိမြို့မရဲစခန်း၌ ပုဒ်မ-၃၇၇ ဖြင့် အမှုဖွင့်ထားသော်လည်း ကျောင်းတွင် ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းမဟုတ်ဟု “Wisdom Hill” မှ တာဝန်ရှိသူများက မီဒီယာများထံ ရှင်းလင်းပြောဆိုခဲ့ပြီး အမှုကို ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃ ရက်တွင် CID သို့လွှဲပြောင်းကာစစ်ဆေးခဲ့သည်။ထို့နောက် ဇူလိုင်လ ၄ ရက်၌ Wisdom Hill ကျောင်းမှ ယာဉ်မောင်းဖြစ်သူ အောင်ကျော်မျိုး၊ ၃၀ နှစ်အား အမှုနှင့်ပတ်သက်သည့်သံသယရှိသူအဖြစ် ဒက္ခိဏခရိုင်တရားရုံး၌ ပုဒ်မ- ၃၇၆ ဖြင့် တရားစွဲတင်လိုက်ကြောင်း သိရသည်။

Credit- အကုန်သိ