မြန်မာဂုဏ်ဆောင်ြ“ကမ္ဘာ့အဆင့် ၁၀၀ အတွင်းသို့ဝင်ဖို့ ၂ ဆင့်သာလိုတော့တဲ့ သက်ထားသူဇာ”

မြန်မာဂုဏ်ဆောင်ြ“ကမ္ဘာ့အဆင့် ၁၀၀ အတွင်းသို့ဝင်ဖို့ ၂ ဆင့်သာလိုတော့တဲ့ သက်ထားသူဇာ”

ကမ္ဘာ့အဆင့်ပြိုင်ပွဲတိုင်းမှာ မြန်မာဂုဏ်ဆောင်ပြီး ချန်ပီယံဆုတွေ ရယူပေးနေတဲ့ မသက်ထားသူဇာ ကတော့ လက်ရှိမှာ မြန်မာတနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီက ကျင်းပပြုလုပ်တဲ့ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ ချီးမြှင့်သော “အားကစားထူးချွန်” ဂုဏ်ပြုမှတ်တမ်းလွှာကို ချီးမြင့်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

သက်ထားသူဇာကတော့ နို်င်ငံတကာနဲ့ ယှဉ်ပြိုင်ရတဲ့ ကြက်တောင်ပြိုင်ပွဲတွေမှာတော့ ပြိုင်ဖက်နို်င်ငံက ကစားသမားတွေကိုတော့ ခက်ခက်ခဲခဲ အနိုင်ယူပြီး ချန်ပီယံဆုတွေကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာကို ကမ္ဘာ့အလယ်မှာ မျက်နှာပန်းပွင့်စေတဲ့ မသက်ထားသူဇာကတော့ ယခုမှာ အားကစားထူးချွန် ဂုဏ်ပြုမှတ်တမ်းလွှာကို ထိုက်ထို်က်တန်တန် ချီးမြင့်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ထို့နောက် မသက်ထားသူဇာကတော့ အသက် ၂၀ ပဲရှိသေးပြီး လက်ရှိမှာတော့ ကြက်တောင် အားကစားမှာ ကမ္ဘာ့အဆင့် ၁၀၀ အတွင်းဝင်ဖို့အတွက် အဆင့် ၂ ဆင့်သာလိုတော့တာ ဖြစ်ပြီး လက်ရှိမှာ သက်ထားသူဇာရဲ့ ကမ္ဘာ့အဆင့်ကတော့ ၁၀၁ ဖြစ်ပါတယ်။မန်မာမိန်းကလေး တယောက်အနေနဲ့ ကမ္ဘာ့အတော်ဆုံး ကြက်တောင် အားကစားသမား အယောက် ၁၀၀ စာရင်းထဲမှာ ပါဝင်ဖို့ဆိုတာကတော့ တော်တော့်ကို ခက်ခဲတဲ့ ကိစ္စပါပဲ။ ဒါပေမယ့်လည်း မသက်ထားသူဇာကတော့ ဒီလိုခြေလှမ်းကိုရောက်ဖို့အတွက် အဆင့်နည်းနည်းပဲ ကျော်ဖြတ်ဖို့ လိုတော့တာ ဖြစ်ပါတယ်။

မသက်ထားသူဇာကတော့ ဒီဆုလေးကို ရရှိခဲ့ပေမယ့်လည်း ပြည်ပရောက်နေတာကြောင့် ကိုယ်တိုင်တက်မယူနိုင်ခဲ့ပဲ သူ့ရဲ့ အဖေနဲ့အမေက ယူခဲ့ပေးတာကိုလည်း သူ့ရဲ့ပေ့ချ်လေးမှာတော့ ပြန်လည် ရှင်းပြထားတာ ဖြစ်ပါတယ်။သက်ထားသူဇာကတော့ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြင့်ခြင်း ခံခဲ့ရတဲ့ အကြောင်းလေးကိုတော့ သူ့ရဲ့ပေ့ချ်လေးမှာ “Get All Myanmar Co., Ltd ကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်။ ညီမပြည်ပမှာပြိုင်ပွဲတွေရှိနေတဲ့အတွက် ညီမရဲ့ချစ်လှစွာသော ဖေဖေနဲ့မေမေမှ ဆုကိုယူပေးခဲ့ပါတယ်။ ဆုချီးမြှင့်ပါသော ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော်အကြီးအကဲများကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ရှင့်” ဆိုပြီး ပြည်ထောင်စုဝန်ကြီးနဲ့ နိုင်ငံတော် အကြီးအကဲတွေကို ကျေးဇူးတင်စကားဆိုထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သက်ထားသူဇာတယောက် အိုင်ဗရီကို့စ် နိုင်ငံမှာ အပြာ်ပြည်ဆိုင်ရာ ကြာက်တောင်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရောက်နေပြီလို့ သိရပါတယ်။ သက်ထားသူဇာ ရဲ့ ကြိုးစားအားထုတ်မှုကိုတော့ ပြောချင်လွန်းလို့ပေ့ချ်ကလည်း လေးစားချီးကျူးမိပါတယ်။

Credit: ပြောချင်လွန်းလို့