ချိုပြုံးနှင့် မို့မို့မြင့်အောင်တို့ကို ဒဲ့ပြောလိုက်တဲ့ သင်းသင်း

ချိုပြုံးနှင့် မို့မို့မြင့်အောင်တို့ကို ဒဲ့ပြောလိုက်တဲ့ သင်းသင်း

သင်းသင်း က ဝေဠုကျော် အား ကာမလိမ်လည်ရယူမှု ပုဒ်မ (၄၁၇) ဖြင့် စွပ်စွဲ တရားစွဲဆို တိုင်ကြားထားသည့် အမှုကို ဒီကနေ့ ဇူလိုင်လ (၃) ရက်နေ့က ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ဆက်လက် စစ်ဆေးခဲ့ပါတယ်။ သင်းသင်းကတော့ ၀ါးလုံးရှည်နဲ့ သိမ်းကျုံးပြီးတော့ ရမ်းထားတယ် တယ် သူ့ကိုပြောပါတယ်ဆိုပြီး ချေပပြောလိုက်တာပဲဖြစ်ပါတယ်။

” အန်တီချိုပြုံးတို့၊ အန်တီမို့မို့မြင့်အောင်တို့က ပြောထားတယ်ရှင့်။ ဘာပြောထားလဲဆိုတော့ အခုခေတ် မိန်းကလေးတွေက အရမ်းခက်တယ်တဲ့။ ကျွန်မကိုပြောတယ်။ ၀ါးလုံးရှည်နဲ့ သိမ်းကျုံးပြီးတော့ ရမ်းထားတယ်။ ဘာရမ်းထားလဲဆိုတော့ နာမည်ကြီးချင်တာနဲ့ပဲလို့ ပြောတယ်။ စဉ်းစားကြည့်ပါ။ အန်တီတို့ကို သမီး ဒီကနေပဲ တစ်ချက် ပြောချင်ပါတယ်”ဆိုပြီး အလှမယ်သင်းသင်း ကတော့ ပြောလာခဲ့ပါတယ်။

အလှမယ် သင်းသင်းမှာ သူနှင့် ယခင်က ချစ်သူရည်စားဖြစ်ခဲ့ဖူးသူ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည် ရယူမှု ပုဒ်မ- ၄၁၇ ဖြင့် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်တရားစွဲထားသူဖြစ်ပြီး ဇူလိုင်လ ၃ ရက်နေ့ ရုံးချိန်း၊ တရားရုံးမှ အထွက်တွင် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ပရိသတ်ကြီးအတွက် သင်းသင်းရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးလဲ အမြင်လေးတွေပြောခဲ့ကြပါဦးနော်။

Video ကြည့်ရန်

Credit – celefamily