ထိုင်းမှာ ပိန်ဆေးကို ဓာတ်မြေသြဇာ အစွန်းချွတ်ဆေးတွေနဲ့ ထုတ်နေသော စက်ရုံကိုဖမ်းဆီး

ပိ န်ဆေး၊ အသားဖြူဆေးထုတ်တဲ့စက်ရုံကို ထိုင်းရဲတပ်ဖွဲဝင်စီး ၊ ဓါတ်မြေသြစာ၊ အစွန်းချွတ်ဆေးများသုံးပြီးထုတ်နေကြောင်း တွေ့ရှိ

ထိုုင် းနိုုင် ငံမှာ အမျိုးသမီးအလှကုုန်တွေကိုု အတုုလုုပ်ပြီး လူထုုကိုုလိမ်ရောင်းနေတဲ့ မက်ဂျစ်စကင်း”Magic Skin” ကုုမ္ပဏီ နဲ့လက်အောက်ခံ အလှပြင်အသုုံးအဆောင်အမျိုးမျိုးကိုု ဆက်တိုုက် ဖမ်းဆီးအရေးယူနေရာမှာ ပထမဦးဆုံးအသားဖြူဆေးထုတ်လုပ်တဲ့နေရာတွေကို ဝင်ရောက်စိးနင်းရာမှာ ဓါတ်မြေသြစာထုတ်တဲ့နေရာမှာသုံးတဲအမှုန့်နဲ့ကော့စတစ်အစွန်းချွတ်ဆေးတွေကိုသုံးပြိးထုတ်လုပ်ထားတာကို ရဲတွေက စစ်ဆေးတွေ ့ရှိခဲ့တာပါ ။

ဧြ ပိ လ ၂၄ ရက်နေ ့ကတော့ Slim Skin အဆီကျ ၀ိတ်ကျနိုု ့မှုုန် ့တဆိပ် အရောင်းကိုုယ်စားလှယ်Muddharn Samrit မုုဒန် စမစ် အသက်၂၄ နှစ်အရွယ်အမျိုးသမီးကိုု ဖမ်းဆီးလိုုက်ပါတယ် ။

၀ိတ် ကျေ ဆး ပိန်ဆေးကတော့ကော်ဖီမစ် အမှုန့်နဲ့လိမ်မော်ရည်အမှုန် ့နဲ့ပေါင်းပြီး ထုတ်လုပ်ပြီး လိမ်လည်ရောင်းချတာပါ ။

ရုုပ် ရှင် သရုုပ်ဆောင်တွေနဲ ့ ကြော်ငြာ ထုုတ်ခဲ့လိုု ့ ထိုုင်းနိုုင်ငံ နဲ ့အိမ်နီးချင်းနိုုင်ငံတွေမှာရောင်း အားအကောင်းဆုုံးMagic Skin Co., Ltd. မက်ဂျစ်စကင်း အလှကုုန်တွေက အမျိုးပေါင်း၂ဝဝကျော်ရှိတယ်လို့သိရပါတယ် ။

အမှန်တကယ်မှာ ထုုတ်လုုပ်တဲ့ စက်ရုုံကတော့ မှတ်ပုုံတင်ထားတာမရှိကြောင်း နဲ ့ သုုံးစွဲသူတွေအကြားမှာကျန်းမာရေးထိခိုုက်မှုုတွေ ဖြစ်နေတာကိုု တိုုင်ကြားခဲ့သူ ပေါင်း ၅၀၀၀ လောက် ရှိခဲ့တယ််လို ့ရဲမှူးကြီး Vorachai Songmattha က ဆိုပါတယ် သူကိုုယ်တိုုင်ဝင်ရောက်စစ်ဆေးဖမ်းဆီးမူလုပ်ခဲ့တာပါ ။

ဘတ်ငွေသန်း ၁၀၀၀ ကျော် နဲ့လည်ပါတ်နေတဲ့ မက်ဂျစ်စကင်း အလှကုုန်လုုပ်ငန်း ပိုုင်ရှင် ဝနဖါ ရဲ ့နေအိမ်မှာ ဘတ် ငွေ ၁၉ သန်း ရွှေထည် အမျိုးပေါင်း၅၃မျိုးနဲ ့အဖိုုးတန်ကားတွေပါ သိမ်းဆည်းလိုုက်ကြောင်းသိရပါတယ်။

ဘန်ကောက်မြို ပထုုံဌာနီက သုုံးဧကကျယ်တဲ့ ဝန်းထဲမှာ တည်ဆောက်ထားတဲ့အလှကုုန်စက်ရုုံဟာ တကယ်တော့ တရားဝင် မှတ်ပုုံတင်ထားတာမရှိ ဘဲ တကယ်မှတ်ပုုံတင်ထားတာက နကော်စီဌာမရ ပြည်နယ်မှာဖြစ်ပြီး ဘန်ကောက်ကတော့ ကိုုယ်ပွားအတုုစက်ရုုံလုုပ်ထားတာလိုု ့သိရပါတယ်။

ထိုုင်းကျန်မာရေးဌာနကတော့ Magic Skin အလှကုုန်တွေဟာ သုုံးစွဲသူတွေအတွက် အန္တရာယ် ရှိတယ်ဆိုုတာ တရားဝင်ထုုတ်ပြန်ခဲ့ပါတယ်။

အနုုပညာရှင်တွေကတော ဒီအလှကုန်တွေကို တကယ်သုံးစွဲမကြည့်ပဲ တကယ်အသားဖြူကြောင်း အဆီကျကြောင်း ကိုယ်ရေစစ်လှပချောမောပိန်ပါး ၀ိတ်ကျစေဖို ့ဒီဆေးတွေအသုံးပြုခဲ့ကြောင်း နဲ့လူထုကိုအန္တရယ်ဖြစ်စေတဲ့ အလှကုန်တွေကို ငွေကြေးယူပြိးကြော်ငြာပေးခဲ့တဲ့အတွက် အနုပညာရှင် ၅ဝကျော်လည်း စစ်ဆေးမူခံနေရပါတယ် ။

သူတိုု့ကတော့ ငွေယူပြီး ကြောငြာထုုတ်ပေးခဲ့တာဖြစ်ပြီး တကယ်ကျန်းမာရေးဌာန ့ခွင့်ပြုချက်အတုုမှန်း မသိခဲ့ကြဘူးလိုု ့ ပြောကြပါတယ်။

စက်ရုုံအတွင်းမှာ သုုံးနေတဲ့ ဓါတုုဆေးဝါးတွေဟာ ကျန်းမာရေးဌာနက စစ်ဆေးပြီး ဖြစ်ကြောင်း ပြောဆိုပေမဲတကယ်တမ်းမှာ Food and Drug Administration (FDA) ခွင်ပြုချက်မပါပဲလုပ်ဆောင်နေတာကိုလည်းတွေ ရှိခဲ့တယ်လို့ထိုင်းအာဏာပိုင်တွေကဆိုပါတယ် ။

သောက်ဆေးတထုတ်ကို မူရင်းစက်ရုံက ၂၉ဘတ်နဲ့ပေးပြီး အရောင်းကိုယ်စားလှယ်တွေက၂၉၉ဘတ်နဲ့ရောင်းချခဲ့ကြတာပါ ။

ထိုုင်းမြန်မာနယ်စပ်မဲဆောက်စျေးမှာတော့ ပိန်ဆေးအဆီကျဆေး မျက်နှာဖြူဆေး လက်ဖြူဆေး သောက်ဆေး လိမ်းဆေးစသဖြင့် ကိုယ်ခန္တာ နေရာပေါင်းစုံအတွက်ဆေးအမျိုးမျိုးကိုရောင်းချနေတာတွေ ့ရသလို ့ရွေပြောင်းအလုပ်သမား မိန်းကလေးတွေကြားထဲမှာလည်း အဲဒီဆေးတွေကိုသုံးစွဲနေတာတွေ ့ရပါတယ် ။

အဲ ဒီ အ တွက် ဒီဆေးတွေကိုသုံးတဲ့အခါမှာအသားရေတွေ ထိခိုက်ပျက်ဆီးနေတာတွေလည်းရှိသလို တချို ဆိုရင် မူးဝေပြီးအန်တာ နှလုံးတွေအခုန်မြန်ပြီး ကတုန်ကရင်ဖြစ်တာ တွေ နဲ့လည်းကြုံနေရတာမို ့နောက်ထပ် ဆိုးဝါးတဲ့ အန္တရယ်လည်း ဖြစ်နိုင်ပါတယ် ။

အလှအပကိုကြိုက်တဲ့မိန်းခလေးတွေအတွက် ဓါတုပစ္စည်းနဲ့လုပ်တဲ့ဆေးမှန်သမျှဟာအန္တရယ်ရှိပါတယ် ။

ဒီအတွက် ဒီဆေးတွေသုံးစွဲနေတာတွေနဲပတ်သက်လို့သတိပြုကြဖို့ မြန်မာအမျိုးသမီးများကို တိုက်တွန်းလိုက်ရပါတယ် ။

သွေးလိမ်းတဲ့မြန်မာသနပ်ခါးတုံးဟာ အန္တရယ်အကင်းဆုံးဖြစ်တာမို ့ လိမ်းကြမယ်ဆိုရင်သဘာဝအတိုင်းပဲမျက်နှာတွေအသားတွေ လှပစေပါတယ် ။

Social Action For Children and Women (SAW)