လျှပ်စစ်မီတာခ တက်သင့်တယ်လို့ ထောက်ခံလိုက်တဲ့ ထွန်းအိန္ဒြာဗိုလ်

လျှပ်စစ်မီတာခ တက်သင့်တယ်လို့ ထောက်ခံလိုက်တဲ့ ထွန်းအိန္ဒြာဗိုလ်

မြန်မာ – အမေရိကန် ပူးပေါင်းရိုက်ကူးတဲ့ မေတ္တာ ရုပ်ရုင်ကားကိုတော့ မြန်မာနိုင်ငံမှာ စတင်ရိုက်ကူးနေပြီး လူမင်း ၊ ထွန်းအိန္ဒြာဗိုလ် တို့က အဓိက ပါဝင်သရုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ မေတ္တာတရားကို အဓိက ပုံဖော်ထားပြီး ဇာတ်လမ်းရဲ့ (၈၀) ရာခိုင်နှုန်းလောက်ကတော့ ဆန်ဖရန်စစ္စကိုမှာ ရိုက်ကူးပြီးစီးခဲ့ပြီလို့ သိရပါတယ်။ မေတ္တာနဲ့ ပတ်သက်လို့ ခံယူချက် နဲ့ လတ်တလော မြန်မာနို်င်ငံ အရေးကိုတော့ ထွန်းအိန္ဒြာဗိုလ်က ခုလို ပြောပြသွားပါတယ်။

“တကယ်တမ်းတော့ မေတ္တာရဲ့ အဓိပ္ပာယ်က အကျိုးကို လိုလားခြင်းလို့ ဆရာတော်တွေ ဟောတာကို နာကြားဖူးပါတယ်။ ကိုယ်မေတ္တာထားတဲ့သူကို သူ့ရဲ့ ကောင်းကျိုး လိုလားတာက မေတ္တာစိတ်ပေါ့။ ဒါပေမဲ့ ဘာနဲ့ မှားတတ်လဲဆိုတော့ ၁၅၀၀ မေတ္တာနဲ့ မှားတတ်ပါတယ်။” လို့ ဆိုပါတယ်။မိသားစုထဲမှာ LGBT ကို လက်မခံကြသူတွေကိုတော့ ထွန်းအိန္ဒြာဗိုလ်က ခုလိုမျိုး သုံးသပ်ချက် ပေးသွားပါတယ်။

“အဲ့ဒါကတော့လေ လူကို လူလိုပဲ မြင်ဖို့ အရေးကြီးပါတယ်။ ကျွန်မတို့ ကြီးပြင်းလာတဲ့ အနေအထားက ဘောင်ကျဉ်းတယ်လို့ ခံစားရပါတယ်။ တဖြည်းဖြည်းနဲ့ အင်တာနက်တွေ ပေါ်လာတဲ့အချိန်မှာတော့ ကမ္ဘာကြီးက ကျဉ်းလာချိန်မှာ အမြင်ကျယ်လာကြပါတယ်။ လူကိုလူလိုပဲ မြင်ဖို့ လိုပါတယ်။ ယောကျ်ားပဲ ဖြစ်ဖြစ် ၊ မိန်းမပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့ အရည်အချင်းနဲ့ပဲ အသိအမှတ် ပြုသင့်ပါတယ်။ သူ့ရဲ့ ဖြစ်တည်မှုနဲ့ ဆုံးဖြတ်ချင်းက သူ့ရဲ့ personal ကို ထိခိုက်တယ်လို့ ခံစားရပါတယ်။” ဆိုပြီး ပြောပြသွားပါတယ်။

လတ်တလော မြန်မာနိုင်ငံမှာ မီတာခတွေ တိုးမြှင့်ကောက်ခံတဲ့အပေါ် ထွန်းအိန္ဒြာဗိုလ်က ခုလို ထင်မြင်ချက် ပေးသွားပါတယ်။“မီတာခက တကယ်တော့ တက်ရမှာပေါ့ရှင်။ တစ်ခုရှိတာကတော့ လျှပ်စစ်အားက နိုင်ငံတကာမှာလိုပဲ ကုန်ကျမှု ရှိမှာဆိုတော့ ကိုယ်လိုချင်ရင် ကိုယ်ပေးရမယ့် ပမာဏ ထိုက်ထိုက်တန်တန် ပေးရမှာပေါ့။ တိုင်းပြည်စီးပွားရေး ၊ လူတိုင်း လူတိုင်းရဲ့ စီးပွားရေး ၊ မိသားစုတိုင်းရဲ့ စီးပွားရေး တိုးတက်လာအောင် နိုင်ငံတော် အစိုးရက စဉ်းစားသင့်ပါတယ်။ အခြေခံလိုအပ်ချက်အတွက် အခြေခံ ကုန်ကျစရိတ်တွေ လူတိုင်းတတ်နိုင်တဲ့ စီးပွားရေးမျိုး ဖြစ်သင့်ပါတယ်။” လို့ ဆိုပါတယ်။ထွန်းအိန္ဒြာဗိုလ်က မေတ္တာ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမှု ပြီးသွားတဲ့အခါ ‘ဆူးပန်းခွေ’ ရုပ်ရှင်ကားမှာ ပါဝင် သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Credit – myanmarnewsmarket