ကနဦးသတင် “ တရုတ်မှာ မိုးသည်းထန်စွာရွာလို့ လူ ၆၁ ထက်မနည်းသေခဲ့ပြီး လူပေါင်း သုံးသိန်းကျော် နေရာပြောင်းခဲ့ရ”

“ကနဦးသတင်း တရုတ်မှာ မိုးသည်းထန်စွာရွာလို့ လူ ၆၁ ထက်မနည်းသေခဲ့ပြီး😱😱 လူပေါင်း သုံးသိန်းကျော် နေရာပြောင်းခဲ့ရ”😱😱

တရုတ်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းကာရေကြီးရေလျှံမှုကြောင့် ၆၁ ဦးထက်မနည်းသေဆုံးပြီး လူပေါင်း ၃၅၀၀၀၀ ခန့်ကို ဘေးကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ရ…

တရုတ်နိုင်ငံတောင်ပိုင်းနှင့်အလယ်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ၆၁ ဦးထက်မနည်းသေဆုံးပြီး လူပေါင်း ၃၅၀၀၀၀ ခန့်ကို ဘေးကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်..

တရုတ်နိုင်ငံ၏အရေးပေါ်စီမံခန့်ခွဲမှုရေးရာဝန်ကြီးဌာနက နေအိမ်ပေါင်း ၉၃၀၀ ခန့်ပြိုကျခဲ့ပြီး စိုက်ပျိုးရေးမြေပေါင်း ၃.၇၁ သန်းဟက်တာခန့်ပျက်စီးခဲ့ရသည့်အတွက် ဒေါ်လာ ၁.၉၃ ဘီလျံအထိဆုံးရှုံးမှုများရှိနေပြီဟု ဆိုခဲ့သည်…

လူ ၄၃၀၀ ခန့်ကို ရေကြီးရေလျှံသည့်ဘေးမှကယ်ဆယ်ခဲ့ရပြီး အရှေ့တောင်ပိုင်းရှိကွမ်တုံပြည်နယ်မှစကာ ယန်ကျီးမြစ်အပေါ်ဘက် ပိုင်းတွင်တည်ရှိသော အနောက်တောင်ပိုင်းဒေသ၏ချုံကင်းမြို့အထိ ရေလွှမ်းမိုးလျက်ရှိသည်ဟု သိရသည်။

Credit: Pyi Myanmar