အိမ်သစ်တလုံးနဲ့ ကားတစ်စီးဝယ်ပေးပြီး အဖေနဲ့အမေကို အံ့သြဝမ်းသာစေခဲ့တဲ့ ပိုင်တခွန်

ပရိတ်သက်ကြီးရေ ပိုင်တန်ခွန်က ကျနော့်ရဲ့ ကံကောင်းခြင်း တွေက မိဘကို ကျွေးမွေးပြုစုခြင်းက လာတာပါ ဒီနေ့ အိမ်သစ်‌လေးတစ်လုံးနဲ့ ကားတစ်စင်း ကိုအဖေ အမေအတွက် ကျနော် လက်ဆောင်ဝယ်ပေး ြစ်ခဲ့ပါတယ်Surprise လုပ်ဖို့ အမျိုးမျိုး လိမ်ပြီးခေါ်ခဲ့ရတယ်

နောက်ဆုံးတော့ အဖေလည်း ငို အမေလည်း ငို ကျနော်လည်း ပီတိဖြစ်ရ ဒါကကျနော့် ဘဝအကြောင်းလေး တချို့သိချင်ကြတဲ့ သူတွေအတွက်ပါ ။ဘယ်အရာမှ ဖုံးကွယ်လို့ မရပါဘူး ။

ကျနော် ကြိုးစားခဲ့တဲ့ ဘဝ အကျဉ်းလေး ပြောပြမယ်နော် ကျနော်မှာ မောင်နှမ 6 ယောက်ရှိတယ်။ကျနော်က ၄ယောက် မြောက်သား ငယ်စဉ်က ကျနော့ မိဘတွေ ငွေကြေး ပြည့်စုံတော့ ဘယ်နေရာရောက်ရောက် ကျနော်တို့ မောင်နှမတွေ မျက်နှာတချက် မငယ်ခဲ့ရ ဖူးဘူး ။

ဘဝတကွေ့မှာ ကျနော် ဆယ်တန်းဖြေပြီးခါစ အချိန်ပေါ့ ကျနော့်မိဘတွေ ဘာဆိုဘာမှ မရှိအောင်ကို ဆင်းရဲအတိ ဖြစ်ခဲ့ရတယ် ။ ဒါပေမယ့် အဖေ အမေရဲ့ သားသမီး အပေါ်ထားတဲ့ မေတ္တာက ကျနော်တို့ အတွက် ဆင်းရဲဒုက္ခဆိုတာ ဘာမှန်းမသိအောင် ကာကွယ်ပေးခဲ့တယ်

အဲဒီအချိန်က ကျနော်တို့ ရန်ကုန် စပြီး ပြောင်းလာတဲ့အချိန် ။ ကျ‌နော်ကိုမွေးတဲ့ အချိန်ကတည်းက အလုပ်သမားများစွာ နဲ့ ပြည့်ပြည့်စုံစုံ နေ ‌ခဲ့ရတဲ့ ကျနော့် ရဲ့အဖေ နဲ့ အမေ ကျောက်မြောင်းမှာ တိုက်ခန်းလေးငှားပီး သုခလမ်းက တိုက်အောက်‌လေးမှာ ဒီသားသမီး ၆ယောက် စားဝတ်နရေးအတွက် မုန့်တီသုပ်လေး ရောင်းနေတဲ့ မြင်ကွင်း ကျနော် မခံစားနိုင်ခဲ့ဘူး

ညအိပ်ခါနီးတိုင်း မနက်အစောကြီး အဖေအမေထပြီး မုန့်ရောင်းရအုန်းမှာပါလားဆိုတဲ့ စိတ်နဲ့ ငိုမိတယ်။ အဲဒီအချိန်ကတည်း ကျနော် ရင်ထဲအမြဲ တောင်းခဲ့ရတဲ့ ဆု တခုပဲ ရှိခဲ့တယ်တနေ့ သား လုပ်ကျွေးခွင့်ရပါရစေလို့ ။ ဒီလိုနဲ့ပဲ ကျ‌နော်နဲ့ အမေ ကြား ပြဿနာ အသေးလေး တခုကြောင့် ကျနော်18 နှစ်လောက်မှာ အိမ်ကနေထွက်ခွာခဲ့တယ် ဒီနေ့ ထိပေါ့

အိမ်ကထွက်ခွာခဲ့ပေမယ့် တရက်မှ မိသားစုအပေါ်တာဝန်မပျက်ဖူးဘူး အပြင်လောကမှာ တစ်ယောက်တည်းရပ်တည်ရတာ တကယ်ခက်ခဲပါတယ်။အဖေ အမေ ငယ်စဉ်ကတည်းကအမြဲ ဆုံးမဖူးတဲ့ စကားရှိတယ်။

သူများဆီက ငွေတကျပ်တောင် မမက်မောမိစေနဲ့တဲ့ သူများငွေကျပ်ယူမိရင် တကျပ် ပြန်ဆပ်နိုင်အောင်ကြိုးစားပြီး ဘဝကိုအရိုးသားဆုံး နေထိုင်ပါတဲ့ ။

ကျနော် မိဘတွေနဲ့ အတူတူ မနေပေမယ့် အပြင် လောကမှာ အဖေ အမေ သွန်သင်ဆုံးမ ပေးခဲ့တဲ့အတိုင်း အရိုးသားဆုံး ကြိုးစားအလုပ်လု ပ်တယ်။ ရှာဖွေတယ် စုဆောင်းခဲ့တယ် ။ငွေ တစ်ထောင် စပြီး ရတဲ့နေ့ ကတည်းက ကိုယ်ကျိုးအတွက် ကျနော် မသုံးခဲ့ဖူးဘူး။ လှူတယ် ခက်ခဲတဲ့ သူတွေကို ကူညီပေးတယ်။

သူများတွေ ကားကောင်းတွေ စီးပြီး ပျော်ပါးနေချိန်မှာ ကျနော် မနက်စာ နေ့လည်စာ ညစာကို 1600 ထက် ပိုမစားခဲ့ဖူးဘူး ။ကျနော် ရှာဖွေသမျှ အရာရာတိုင်းလည်း ငါ့မိသားစုအတွက်နဲ့ လှူဒါန်းဖို့အတွက် ဆိုတဲ့ စိတ်ပဲရှိခဲ့တယ် ။အခုချိန်မှာတော့ ကျနော့်ရဲ့ ပီတိက ကျ‌နော် သိပ်ကို မြင်ချင်တဲ့ အရင်တချိန်က မိသားစု ပုံရိပ်တခုကို တဖြေးဖြေး မြင်နေရပြီဆိုတာပါပဲ

နောက်ဆုံးအနေနဲ့ ကျနော်ရဲ့ ပရိတ်သတ် ညီကိုမောင်နှမ အားလုံးကို ပြောပြချင်တာက မိဘကို လုပ်ကျွေးပြုစု ခွင့်ဆိုတာ မိဘကို ပေးတဲ့အရာဝတ္ထုတွေရဲ့ တန်ကြေး မဟုတ်ပါဘူး ။ မိဘအပေါ် ရင်ထဲကလာတဲ့ အရိုးသားဆုံး တန်ပြန် တာဝန်သိတတ်မှုပါ ။

ဒါက မိဘအပေါ်မှာ ကိုယ့်ရဲ့ အသန့်ရှင်းဆုံး လုပ်ကျွေးပြုစုခွင့်ပါလို့ ပြောရင်း နိဂုန်းချုပ်ပါတယ်ခင်မျာ အားလုံးပဲ ပျော်ရွှင်စရာနေ့ရက်လေး ပိုင်ဆိုင်နိုင်ကြပါစေ ဆိုပြီး သူ့ရဲ့ fbမှာ ရေးသားမျှဝေ ထားပါတယ် ။ source – Phing Takhon’s fb

unicode version . . .

ပရိတ်သက်ကြီးရေ ပိုင်တန်ခွန်က ကျနော့်ရဲ့ ကံကောင်းခြင်း တွေက မိဘကို ကျွေးမွေး ပြုစုခြင်းက လာတာပါ ဒီနေ့ အိမ်သစ်‌လေးတစ်လုံးနဲ့ ကားတစ်စင်းကို အဖေအမေ အတွက် ကျနောလက် ဆောင်ဝယ်ပေး ဖြစ်ခဲ့ပါတယ် Surprise လုပ်ဖို့ အမျိုးမျိုး လိမ်ပြီးခေါ်ခဲ့ရတယ်

နောက်ဆုံးတော့ အဖေလည်းငို အမေလည်းငို ကျနော်လည်း ပီတိဖြစ်ရ ဒါကကျနော့် ဘဝအကြောင်းလေး တချို့သိချင်ကြတဲ့ သူတွေအတွက်ပါ ။ဘယ်အရာမှ ဖုံးကွယ်လို့ မရပါဘူး ။

ကျနော် ကြိုးစားခဲ့တဲ့ ဘဝ အကျဉ်းလေး ပြောပြမယ်နော် ကျနော်မှာ မောင်နှမ 6 ယောက်ရှိတယ် ။ ကျနော်က ၄ယောက် မြောက်သား ငယ်စဉ်က ကျနော့ မိဘတွေ ငွေကြေး ပြည့်စုံတော့ ဘယ်နေရာ ရောက်ရောက် ကျနော်တို့ မောင်နှမတွေ မျက်နှာတချက် မငယ်ခဲ့ရ ဖူးဘူး ။

ဘဝတကွေ့မှာ ကျနော် ဆယ်တန်းဖြေပြီးခါစ အချိန်ပေါ့ ကျနော့်မိဘတွေ ဘာဆိုဘာမှ မရှိအောင်ကို ဆင်းရဲအတိ ဖြစ်ခဲ့ရတယ် ။ ဒါပေမယ့် အဖေ အမေရဲ့ သားသမီး အပေါ်ထားတဲ့ မေတ္တာက ကျနော်တို့ အတွက် ဆင်းရဲဒုက္ခဆိုတာ ဘာမှန်းမသိအောင် ကာကွယ်ပေးခဲ့တယ်

အဲဒီ အချိန်က ကျနော်တို့ရန်ကုန်စပြီး ပြောင်းလာတဲ့အချိန် ကျ‌ နော်ကို မွေးတဲ့အချိန် ကတည်းက အလုပ်သမား များစွာနဲ့ ပြည့်ပြည့်စုံစုံ နေခဲ့ရတဲ့ ကျနော့်ရဲ့ အဖေနဲ့အမေ ကျောက်မြောင်းမှာ တိုက်ခန်းလေးငှားပီး သုခလမ်းကတိုက်အောက်‌လေးမှာ ဒီသား သမီး ၆ ယောက် စားဝတ် နရေးအတွက် မုန့်တီသုပ်လေး ရောင် နေတဲ့ မြင်ကွင်း ကျနော် မခံစားနိုင်ခဲ့ဘူး

ညအိပ်ခါနီးတိုင်း မနက်အစောကြီး အဖေအမေထပြီး မုန့်ရောင်းရအုန်းမှာပါလားဆိုတဲ့ စိတ်နဲ့ ငိုမိတယ်။ အဲဒီ အချိန်ကတည်း ကျနော် ရင်ထဲအမြဲ တောင်းခဲ့ရတဲ့ ဆုတခုပဲ ရှိခဲ့တယ် တနေ့သားလုပ် ကျွေးခွင့် ရပါရစေလို့ ။ ဒီလိုနဲ့ပဲ ကျ‌နော်နဲ့ အမေ ကြား ပြဿနာ အသေးလေး တခုကြောင့် ကျနော်18 နှစ်လောက်မှာ အိမ်ကနေ ထွက်ခွာခဲ့တယ် ဒီနေ့ ထိပေါ့

အိမ်ကထွက်ခွာခဲ့ပေမယ့် တရက်မှ မိသားစုအပေါ်တာဝန်မပျက်ဖူးဘူး အပြင်လောကမှာ တစ်ယောက်တည်းရပ်တည်ရတာ တကယ်ခက်ခဲပါတယ်။အဖေ အမေ ငယ်စဉ်ကတည်းကအမြဲ ဆုံးမဖူးတဲ့ စကားရှိတယ်။

သူများဆီက ငွေတကျပ်တောင် မမက်မောမိစေနဲ့တဲ့ သူများငွေကျပ်ယူမိရင် တကျပ် ပြန်ဆပ်နိုင်အောင်ကြိုးစားပြီး ဘဝကိုအရိုးသားဆုံး နေထိုင်ပါတဲ့ ။

ကျနော် မိဘတွေနဲ့ အတူတူ မနေပေမယ့် အပြင် လောကမှာ အဖေ အမေ သွန်သင်ဆုံးမ ပေးခဲ့တဲ့အတိုင်း အရိုးသားဆုံး ကြိုးစားအလုပ်လုပ်တယ်။ ရှာဖွေတယ် စုဆောင်းခဲ့တယ် ။ငွေတစ်ထောင် စပြီး ရတဲ့နေ့ ကတည်းက ကိုယ်ကျိုးအတွက် ကျနော် မသုံးခဲ့ဖူးဘူး။ လှူတယ် ခက်ခဲတဲ့ သူတွေကို ကူညီပေးတယ်။

သူများတွေ ကားကောင်းတွေ စီးပြီး ပျော်ပါး နေချိန်မှာ ကျနော် မနက်စာ နေ့လည်စာ ညစာကို 1600 ထက် ပိုမစားခဲ့ဖူးဘူး ။ကျနော် ရှာဖွေသမျှ အရာရာတိုင်းလည်း ငါ့မိသားစုအတွက်နဲ့ လှူဒါန်းဖို့အတွက် ဆိုတဲ့ စိတ်ပဲရှိခဲ့တယ် ။အခုချိန်မှာတော့ ကျနော့်ရဲ့ ပီတိက ကျ‌နော် သိပ်ကို မြင်ချင်တဲ့ အရင်တချိန်က မိသားစု ပုံရိပ်တခုကို တဖြေးဖြေး မြင်နေရပြီဆိုတာပါပဲ

နောက်ဆုံးအနေနဲ့ ကျနော်ရဲ့ ပရိတ်သတ် ညီကိုမောင်နှမ အားလုံးကို ပြောပြချင်တာက မိဘကို လုပ်ကျွေးပြုစု ခွင့်ဆိုတာ မိဘကို ပေးတဲ့အရာဝတ္ထုတွေရဲ့ တန်ကြေး မဟုတ်ပါဘူး ။ မိဘအပေါ် ရင်ထဲကလာတဲ့ အရိုးသားဆုံး တန်ပြန် တာဝန်သိတတ်မှုပါ ။

ဒါက မိဘအပေါ်မှာ ကိုယ့်ရဲ့ အသန့်ရှင်းဆုံး လုပ်ကျွေးပြုစုခွင့်ပါလို့ ပြောရင်း နိဂုန်းချုပ်ပါတယ်ခင်မျာ အားလုံးပဲ ပျော်ရွှင်စရာနေ့ရက်လေး ပိုင်ဆိုင်နိုင်ကြပါစေ ဆိုပြီး သူ့ရဲ့ fbမှာ ရေးသားမျှဝေ ထားပါတယ် ။ source – Phing Takhon’s fb

Be the first to comment

Leave a Reply

Your email address will not be published.


*