ရတနာပုံသီခ်င္းျဖင့္ ေစာင္းအစြမ္းၿပ တီးခတ္သီ ဆိုနိုင္သူ ပါရမီရွင္ ကေလးငယ္ (၂) ဦး(႐ုပ္သံ)….

ရတနာပုံသီခ်င္းျဖင့္ ေစာင္းအစြမ္းၿပ တီးခတ္သီ ဆိုနိုင္သူ ပါရမီရွင္ ကေလးငယ္ (၂) ဦး(႐ုပ္သံ)

“ဇမၺဴလက်္ာေတာင္ကၽြန္း… ဆုသြန္းမယ္အဖုံဖုံ… ေဘးဘယာအစုံ… ေဝးၾကအ ကုန္….. ဇမၺဴလက်္ာေတာင္ကၽြန္း… ဆုသြန္းမယ္အဖုံဖုံ… ေဘးဘယာအစုံ… ေဝးၾကအ ကုန္”

ဒါကေတာ့ ျမန္မာ့ ဂႏၴဝင္ဂီတပညာရွင္ အလကၤာေက်ာ္စြာ ေရႊျပည္ေအးရဲ့ နာမည္ ႀကီး သီခ်င္းတပုဒ္ျဖစ္တဲ့ “ရတနာပုံ”သီခ်င္းျဖစ္ၿပီး ျမန္မာျပည္သိန္းတန္အပါအဝင္..၊

အဆို ေတာ္ေပါင္းမ်ားစြာက ျပန္လည္သီဆိုခဲ့ၾကၿပီး ေခတ္အဆက္ဆက္ လက္ဆင့္ကမ္းသယ္ ေဆာင္လာၾကတဲ့ သီခ်င္းတပုဒ္ ျဖစ္ပါတယ္..။

ဒီတခါမွာေတာ့ ဒီသီခ်င္းကို ကေလးအရြယ္နဲ႔ မမၽွေအာင္ အႏုပညာအရည္အေသြး ျပနိုင္တဲ့ ညီအစ္မ ၂ ေယာက္ရဲ့ ေစာင္းတီးခတ္သီဆိုဟန္နဲ႔ ရႈစားနားဆင္ၾကရမွာ ျဖစ္ပါ တယ္..။

ျမန္မာ့ေစာင္းေကာက္ဟာ သာမန္အေျခအေနမွာေတာင္ တီးနိုင္ဖို႔ မလြယ္ကူတဲ့ အ ေျခအေနမွာ ဒီကေလးငယ္ ၂ ေယာက္ရဲ့ ဗီဇနဲ႔ ပါရမီကို ဒီ႐ုပ္သံဗြီဒီယိုဖိုင္ထဲမွာ ရႈစားၾက ရမွာပါ..။

သမိုင္းအေထာက္အထားေတြအရေတာ့ ျမန္မာ့ေစာင္းဟာ ခရစ္ႏွစ္ ၈၀၂ ခုႏွစ္ ပ်ဴ ေခတ္ကတည္းက ေပၚေပါက္ခဲ့တယ္လို႔ သိရပါတယ္။ ျမန္မာ့ ေရွးဦးတူရိယာေတြ ျဖစ္ၾက တဲ့ ေၾကး၊ ႀကိဳး၊ သားေရ၊ ေလ၊ လက္ခုပ္စတဲ့..၊

တူရိယာငါးပါးထဲမွာလည္း ေစာင္းဟာ တခု အပါအဝင္ျဖစ္ၿပီး ျမန္မာ့ေစာင္းကို ႀကိဳးတပ္တူရိယာေတြအနက္ တူရိယာဘုရင္လို႔ တင္ စားေခၚေဝၚခဲ့ၾကပါတယ္..။

ထီးနန္းအဆက္ဆက္သုံးစြဲခဲ့တဲ့ ေစာင္းကို ဂႏၶဗၺေစာင္း၊ ဒါမွမ ဟုတ္ ဇာတိေစာင္းလို႔ ေခၚပါတယ္။ ဒီေစာင္းမွာ ႀကိဳး ၇ ႀကိဳးပါဝင္ၿပီး ေနာက္ပိုင္းမွာ ေတာ့ ႀကိဳး ၁၃ ႀကိဳးကေန ၁၆ ႀကိဳးအထိ တီထြင္လာခဲ့ၾကတာပါ..။

“ရတနာပုံ သြန္းၿဖိဳး ေရႊမိုးေတြကေဝျဖာပုံ… သုံးမကုန္ ျဖဳန္းမကုန္ အလုံးစုံရည္ မွန္း… အလႉအတန္း ေပးလို႔မကုန္… ရတနာပုံ သြန္းၿဖိဳး ေရႊမိုးေတြကေဝျဖာပုံ… သုံးမ ကုန္ ျဖဳန္းမကုန္… အလုံးစုံရည္မွန္း… အလႉအတန္း ေပးလို႔မကုန္”

အစ္မျဖစ္သူက ေစာင္းကို ကၽြမ္းကၽြမ္းက်င္က်င္နဲ႔ တီးခတ္ၿပီး ညီမျဖစ္သူရဲ့ မပီတ ပီနဲ႔ သီခ်င္းႀကီးကို ပိုင္ပိုင္နိုင္နိုင္ စည္းနဲ႔ဝါးလိုက္ၿပီး သီဆိုေနပုံက တကယ့္ကို ခ်ီးက်ဳးခ်င္ စရာ ေကာင္းလွပါတယ္..။

ဒီ႐ုပ္သံဗြီဒီယိုဖိုင္ကိုေတာ့ ဖခင္ျဖစ္သူရဲ့ Chantha Htun အမည္နဲ႔ ေဖ့စ္ဘြတ္ခ္လူမႈ ကြန္ရက္ေပၚကေန “ေစာင္း တီးတမ္း ေဆာ့ၾကသတဲ့ဗ်ာ”လို႔ ေရးသားၿပီး မၽွေဝထားခဲ့တာ ပါ..။

“က်န္း က်န္း က်န္းမာေစအကုန္… ခ်မ္း ခ်မ္း ခ်မ္းျမေစအကုန္… က်န္း က်န္း က်န္းမာေစအကုန္… ခ်မ္း ခ်မ္း ခ်မ္းျမေစအကုန္… ရတနာပုံ ရတနာပုံ ရတနာပုံ ရတနာပုံ..၊

စည္းစိမ္ေတြရစ္ဝိုင္းလို႔ ရွစ္တိုင္းကျခဳံ… ရတနာပုံ ရတနာပုံ ရတနာပုံ ရတ နာပုံ… ကၽြန္းလက်္ာျပည္တစ္ဝွမ္းသို႔… ရည္ညႊန္းစို႔ စည္ယြန္းလို႔… ဆုေတာင္းမဂၤလာ တင္ကာ ရတနာပုံ”

လက္ရွိမွာေတာ့ ဒီ႐ုပ္သံဗြီဒီယိုဖိုင္ဟာ ရက္ပိုင္းအတြင္း ေဖ့စ္ဘြတ္ခ္ေပၚမွာ ဝင္ ေရာက္ၾကည့္ရႈနားဆင္ၾကတဲ့ အႀကိမ္ေရ တသန္းနီးပါး ရွိေနခဲ့ၿပီ ျဖစ္ပါတယ္..။

DVB TV News

Unicode

“ဇမ္ဗူလကျ်ာတောင်ကျွန်း… ဆုသွန်းမယ်အဖုံဖုံ… ဘေးဘယာအစုံ… ဝေးကြအ ကုန်….. ဇမ္ဗူလကျ်ာတောင်ကျွန်း… ဆုသွန်းမယ်အဖုံဖုံ… ဘေးဘယာအစုံ… ဝေးကြအ ကုန်”

ဒါကတော့ မြန်မာ့ ဂန္ထဝင်ဂီတပညာရှင် အလင်္ကာကျော်စွာ ရွှေပြည်အေးရဲ့ နာမည် ကြီး သီချင်းတပုဒ်ဖြစ်တဲ့ “ရတနာပုံ”သီချင်းဖြစ်ပြီး မြန်မာပြည်သိန်းတန်အပါအဝင်..၊

အဆို တော်ပေါင်းများစွာက ပြန်လည်သီဆိုခဲ့ကြပြီး ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသယ် ဆောင်လာကြတဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်..။

ဒီတခါမှာတော့ ဒီသီချင်းကို ကလေးအရွယ်နဲ့ မမျှအောင် အနုပညာအရည်အသွေး ပြနိုင်တဲ့ ညီအစ်မ ၂ ယောက်ရဲ့ စောင်းတီးခတ်သီဆိုဟန်နဲ့ ရှုစားနားဆင်ကြရမှာ ဖြစ်ပါ တယ်..။

မြန်မာ့စောင်းကောက်ဟာ သာမန်အခြေအနေမှာတောင် တီးနိုင်ဖို့ မလွယ်ကူတဲ့ အ ခြေအနေမှာ ဒီကလေးငယ် ၂ ယောက်ရဲ့ ဗီဇနဲ့ ပါရမီကို ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ရှုစားကြ ရမှာပါ..။

သမိုင်းအထောက်အထားတွေအရတော့ မြန်မာ့စောင်းဟာ ခရစ်နှစ် ၈၀၂ ခုနှစ် ပျူ ခေတ်ကတည်းက ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာ့ ရှေးဦးတူရိယာတွေ ဖြစ်ကြ တဲ့ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်စတဲ့..၊

တူရိယာငါးပါးထဲမှာလည်း စောင်းဟာ တခု အပါအဝင်ဖြစ်ပြီး မြန်မာ့စောင်းကို ကြိုးတပ်တူရိယာတွေအနက် တူရိယာဘုရင်လို့ တင် စားခေါ်ဝေါ်ခဲ့ကြပါတယ်..။

ထီးနန်းအဆက်ဆက်သုံးစွဲခဲ့တဲ့ စောင်းကို ဂန္ဓဗ္ဗစောင်း၊ ဒါမှမ ဟုတ် ဇာတိစောင်းလို့ ခေါ်ပါတယ်။ ဒီစောင်းမှာ ကြိုး ၇ ကြိုးပါဝင်ပြီး နောက်ပိုင်းမှာ တော့ ကြိုး ၁၃ ကြိုးကနေ ၁၆ ကြိုးအထိ တီထွင်လာခဲ့ကြတာပါ..။

“ရတနာပုံ သွန်းဖြိုး ရွှေမိုးတွေကဝေဖြာပုံ… သုံးမကုန် ဖြုန်းမကုန် အလုံးစုံရည် မှန်း… အလှူအတန်း ပေးလို့မကုန်… ရတနာပုံ သွန်းဖြိုး ရွှေမိုးတွေကဝေဖြာပုံ… သုံးမ ကုန် ဖြုန်းမကုန်… အလုံးစုံရည်မှန်း… အလှူအတန်း ပေးလို့မကုန်”

အစ်မဖြစ်သူက စောင်းကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ တီးခတ်ပြီး ညီမဖြစ်သူရဲ့ မပီတ ပီနဲ့ သီချင်းကြီးကို ပိုင်ပိုင်နိုင်နိုင် စည်းနဲ့ဝါးလိုက်ပြီး သီဆိုနေပုံက တကယ့်ကို ချီးကျုးချင် စရာ ကောင်းလှပါတယ်..။

ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ ဖခင်ဖြစ်သူရဲ့ Chantha Htun အမည်နဲ့ ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်ပေါ်ကနေ “စောင်း တီးတမ်း ဆော့ကြသတဲ့ဗျာ”လို့ ရေးသားပြီး မျှဝေထားခဲ့တာ ပါ..။

“ကျန်း ကျန်း ကျန်းမာစေအကုန်… ချမ်း ချမ်း ချမ်းမြစေအကုန်… ကျန်း ကျန်း ကျန်းမာစေအကုန်… ချမ်း ချမ်း ချမ်းမြစေအကုန်… ရတနာပုံ ရတနာပုံ ရတနာပုံ ရတနာပုံ..၊

စည်းစိမ်တွေရစ်ဝိုင်းလို့ ရှစ်တိုင်းကခြုံ… ရတနာပုံ ရတနာပုံ ရတနာပုံ ရတ နာပုံ… ကျွန်းလကျ်ာပြည်တစ်ဝှမ်းသို့… ရည်ညွှန်းစို့ စည်ယွန်းလို့… ဆုတောင်းမင်္ဂလာ တင်ကာ ရတနာပုံ”

လက်ရှိမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ရက်ပိုင်းအတွင်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင် ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ တသန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်..။

DVB TV News

Be the first to comment

Leave a Reply

Your email address will not be published.


*