ပဋိသေႏၶေနေသာေန႔၊ဘုရားအျဖစ္ကို ၀န္္ခံေတာ္မူေသာေန႔ေလး အေၾကာင္း

၀ါဆိုိလျပည့္ ဓမၼစၾကၤာ အခါေတာ္ေန႔

” သေႏၶ ၊ ေတာထြက္ ၊ ဓမၼစက္ ၊ တစ္ခ်က္ ျပာဋိဟာ။၀ါဆိုလျပည့္ ၊ ထူးျခားေန႕ ၊ ေအာက္ေမ့ ဤေလးျဖာ။ ”

၁။ ျမတ္စြာဘုရားရွင္၏ ပညတ္ေတာ္အရ ရဟန္းေတာ္မ်ား ၀ါတြင္းသံုးလ ၀ါဆို၀ါကပ္ေတာ္ မူသည္ကို အေၾကာင္းျပဳ၍ ၀ါဆိုလဟု မည္တြင္သည္။

၂။ သကၠရာဇ္ ၁၀၃ ၀ါဆိုလျပည့္ စေနေန႔ညတြင္ ျမတ္စြာဘုရားသခင္သည္ ဗာရာဏသီျပည္ မိဂဒါ၀ုန္ ေတာ၀ယ္ ပဥၥ၀ဂၢီ ငါးဦးအား ဓမၼစၾကာတရားေတာ္ကို

ေဟာၾကားခဲ့သျဖင့္ ၀ါဆို လျပည့္ေန႔ကို ဓမၼစၾကာ အခါေတာ္ေန႔ဟူ၍ သတ္မွတ္ျခင္းျဖစ္သည္။

၀ါဆို၀ါလ ၀ိေသသ

၀ါဆိုလျပည့္ေန႔တြင္ ျမတ္စြာဘုရား အေလာင္းေတာ္ သေႏၶယူေတာ္မူသည္။ ထိုေန႔မွာပင္ ေတာထြက္ေတာ္ မူသည့္အျပင္ ဘုရားအျဖစ္ကို ရေတာ္မူသည့္

အခါတြင္လည္း တရားဦး ျဖစ္ေသာ ဓမၼစၾကာတရားေတာ္ကို ေဟာေတာ္မူသည္။ ထို႔ေၾကာင့္ ” သေႏၶ၊ ေတာထြက္၊ ဓမၼစက္၊ ေဟာျမြက္ လ၀ါဆို ” ဟူ၍ ဆိုစမွတ္ ျပဳျခင္းျဖစ္သည္။

ရဟန္းေတာ္မ်ား ၀ါဆိုေတာ္မူျခင္း

၀ါတြင္းကာလ၌ ရဟန္းေတာ္မ်ား ၀ါဆိုၾကျခင္းမွာ ျမတ္စြာဘုရား ပညတ္ခဲ့၍ ျဖစ္သည္။ ျမတ္စြာ ဘုရား ပညတ္ေတာ္ မမူစဥ္က ရဟန္းေတာ္မ်ား ၀ါဆို၀ါကပ္ျခင္းမျပဳၾကေပ။

ျမတ္စြာ ဘုရားရွင္ ရာဇျဂိဳလ္ျပည္ ေ၀ဠဳ၀န္ေက်ာင္း၌္ သီတင္းသံုး ေနေတာ္မူစဥ္ သာကီီ၀င္အႏြယ္မ်ား ျဖစ္ၾကေသာ ရဟန္းေတာ္မ်ားသည္ ေႏြြ၊ မိုး၊ ေဆာင္း ဥတုသံုးပါးလံုး ခရီးလွည့္လည္ သြားလာ ေနၾကသည္။

မိုးဥတု၌ တစ္ရပ္မွ တစ္ရပ္သို႔ ေဒသစာရီ လွည့္လည္ျခင္းျပဳၾကရာ ျပည္သူတို႔ စိုက္ပ်ိဳးထားေသာ ေကာက္ႏွံသီးကင္းမ်ားကို ျဖတ္ေက်ာ္ နင္းနယ္သျဖင့္ ပ်က္စီးေလသည္။

ထိုအခါ ျပည္သူမ်ားက ” မိုးတြင္းကာလတြင္ အယူလြဲမွား မိစၧာဒိ႒ိမ်ားပင္ ခရီးသြားလာျခင္း မျပဳၾက။ တိိရိစၧာန္ ငွက္မ်ားသည္ ပင္လွ်င္ အသိုက္ေျပာင္းျခင္း မျပဳၾက။

ကၽြနု္္ပ္တို႔ ကိုးကြယ္ေသာ သာကီ ႏြယ္ဖြား ရဟန္းေတာ္မ်ားကား အမ်ား ျပည္သူတို႔ စိုက္ပ်ိဳးထားသည့္ ေကာက္ပဲဲ သီးႏွံမ်ားကို နင္းနယ္ ဖ်က္ဆီးလ်က္ ေႏြ မိုးမေရွာင္ ခရီးသြားၾကေလသည္တကား ” စသည္အားျဖင့္ အျပစ္တင္ၾကေလသည္။

ဤအေၾကာင္းကို ျမတ္စြာဘုရားရွင္ ၾကားသိေတာ္ မူေသာအခါ ရဟန္းေတာ္မ်ားအား ၀ါတြင္းသံုးလ ကာလပတ္လံုး မိမိတို႔၏ေက်ာင္းတိုက္ အ၀န္းအ၀ိုင္း အတြင္း၌သာ ၀ါဆို ၀ါကပ္ျခင္းျပဳ၍

ရဟန္း တရားကို အားထုတ္ေနၾကရန္၊ ၀ါက်ဳိး ၀ါျပတ္ ၀ါမကပ္ဘဲ ညဥ့္အိပ္ ညေန ခရီးသြားေသာ ရဟန္းမ်ားအား ဒုကၠဋ္ အာပတ္သင့္ေစရန္ အာဏာဓမၼစက္ သိကၡာပုဒ္ ပညတ္ ေတာ္မူခဲ့သည္။

ထိုသည္မွစ၍ ရဟန္းေတာ္မ်ားသည္ ၀ါဆိုလျပည့္ေက်ာ္ တစ္ရက္ေန႔တြင္ ၀ါဆိုျခင္း ျပဳသည္။

သီတင္းကၽြတ္ လျပည့္ေန႔တြင္ ျပီးဆံုး ကၽြတ္လြတ္ေလသည္။ ၀ါဆို ၀ါကပ္ျခင္း သေဘာမွာ သတ္မွတ္ထားေသာ မိမိတို႔၏ ေက်ာင္းတိုက္ အေဆာက္အဦ အရံအတားမွ အရပ္တစ္ပါးသို႔ ညဥ့္အိပ္ ညေန မသြားပါ ဟုကတိျပဳ ၾကျခင္းပင္္ ျဖစ္သည္။

၀ါဆိုအတြင္း ၀ါပန္၍ ညဥ့္အိပ္ညဥ့္ေန (၇) ရက္မွ ေက်ာ္၍ မသြားႏိုင္ေပ။

ဓမၼစၾကာ အခါေတာ္ေန႔

လြန္ခဲ့ေသာ အႏွစ္ ၂၅၀၀ ေက်ာ္ ၀ါဆိုလျပည့္ ေန႕တြင္ ဗုဒၡ ျမတ္စြာ သည္ မိိဂဒါ၀ုဏ္ ေတာတြင္ (ပဥၥ၀ဂၢီ) ရဟန္း ၅ ပါး ကို ဓမၼစၾကၤာ တရားဦး ေဟာျခင္းျဖင့္ ဗုုဒၼ သာသနာေတာ္ကို စတင္ ခဲ့ပါသည္။

ဓမၼစၾကၤာ တရားေတာ္္ ၌ သဘာ၀ ေလာက တြင္ မေဖာက္မျပန္ မေျပာင္းမလြဲ အျမဲ တည္ရွိ ေနေသာ သစၥာ ၄ ပါးကို ေဖာ္ျပ ေဟာၾကား ခဲ့ပါသည္။

သဘာ၀ ေလာက ၏ သစၥာ ၄ပါးမွာ

ဒုကၡ သစၥာ = သတၱ၀ါ တိုင္း ရုပ္နာမ္ ဟူသမွ် မတည္ျမဲ၊ အခ်ိန္ႏွင့္ အမွ် ေဖာက္ျပန္ ပ်က္စီး၍ အိုျခင္း၊ နာျခင္း၊ ေသျခင္း တရား မ်ားကို မလြန္ဆန္ နိုင္ပဲ အို၊နာ၊ေသ ၊ဆင္းရဲ ဒုကၡ ကိုိေရွာင္လြဲ မရ ျဖစ္ရျခင္း သည္ ေလာက အမွန္တရား တခု။

သမုဒယ သစၥာ = သတၱ၀ါ တိုင္း မိမိကိုယ္ (ရုပ္၊ နာမ္ ခႏၼာ) ကို မအိုခ်င္၊နာမက်န္း မျဖစ္ခ်င္၊ မေသခ်င္ ၾကပဲ တပ္မက္ စြဲလန္း တတ္ျပီး ထိုစြဲလန္း တပ္မက္ မႈေၾကာင္း ဘ၀ တဖန္ ျဖစ္ရျခင္း သည္ အမွန္တရား တခု။

နိေယာဓ သစၥာ = ထို ရုပ္၊နာမ္ ခႏၡာ ေၾကာင့္ အိုျခင္း၊ နာျခင္း၊ ေသျခင္း တရား ၊ဒုကၡ မ်ား မွ လြတ္ေျမာက္ ရာ သည္ လည္း အမွန္ ရွိေသာ အမွန္တရား တခု။

မဂၢ သစၥာ = ထို ရုပ္၊နာမ္ ေၾကာင့္ အိုျခင္း၊ နာျခင္း၊ ေသျခင္း တရား ဒုကၡ မ်ား မွလြတ္ေျမာက္ ရန္ တခုတည္း ေသာ အက်င့္မွန္ မဂၢင္ ၈ပါး တရားသည္သာ အမွန္ ျဖစ္ေသာ အမွန္ တရားတခု။

ထို သစၥာ တရား ၄ပါး ကို ေဟာၾကား ျပီး ဓမၼစၾကၤာ ဘီးကို ဗုဒၼ ျမတ္စြာ သည္ စတင္ လည္ပတ္ ခဲ့ပါသည္။

ျမတ္စြာဘုရား အေလာင္းေတာ္သည္ ေရႊထီးေရႊနန္းကို စြန္႔၍ ၀ါဆိုလျပည့္ေန႔တြင္ ေတာထြက္ ေတာ္မူသည္။ ပဥၥ၀ဂၢီ ငါးဦးၿခံရံကာ တရား က်င့္ေတာ္မူသည္။

ဒုကၠရစရိယာ ေျခာက္ႏွစ္ တိုင္တိုင္ က်င့္ေတာ္မူေသာ္လည္း ဘုရားမျဖစ္ေပ ။ထို႔ေၾကာင့္ မိမိ တစ္ပါးတည္း လမ္းခြဲကာ တရားျဖည့္ က်င့္ေတာ္မူ၏။

သဗၺညဳတ ေရႊဥာဏ္ေတာ္ကို ရရွိ၍ ဘုရား ျဖစ္ေတာ္မူေသာအခါ “ငါဘုရား သိျပီးေသာ သစၥာေလးပါး တရားေတာ္သည္ ႏူးညံ့ သိမ္ေမြ႔ နက္နဲလြန္းသည္။

သတၱ၀ါတို႔၏ သဏၭာန္ကား ေလာဘ၊ ေဒါသ၊ ေမာဟ၊ မာန္မာန ထူေျပာလွသည္။ဤသတၱ၀ါစုကို ငါဘုရား တရားေဟာေသာ္လည္း အခ်ည္းႏွီးသာ ျဖစ္လိမ့္မည္။

တရားမေဟာဘဲ ဆိတ္ဆိတ္ေနေတာ့မည္” ဟုႀကံရြယ္ေတာ္ မူေလသည္။ ေရႊစိိတ္ေတာ္ ရႊင္ျပျခင္းမရွိ၊ ဆုတ္နစ္ေတာ္ မူေလသည္။

ဤအေၾကာင္းကို သဟံပတိ ျဗဟၼာမင္းက သိရွိသျဖင့္ ျဗဟၼာ့ျပည္မွ ဆင္းလတ္၍ ဘုရားရွင္ထံ ခစားသည္။ သဟံပတိ ျဗဟၼာမင္းသည္ ဘုရားရွင္အား

” အရွင္ဘုရား၊ သတၱ၀ါမ်ားကို ငဲ့ၫွာေသာ အားျဖင့္ အရွင္ဘုရား ပိုင္းျခားထင္ထင္ သိျမင္ေတာ္မူေသာ တရားေတာ္ကို ေဟာေတာ္မူပါဘုရား” ဟူ၍

( နႆ တိ၀တေတာ ေလာေကာ ) ဟူေသာ ဂါထာကို သံုးၾကိမ္ ရြတ္၍ ေလွ်ာက္ထားသည္။

ေလာက၌ အရွင္ဘုရား၏ တရားေတာ္တို႔ကို နာယူ ထိုက္သူေပါင္း မ်ားစြာ က်န္ရွိပါေသးသည္္ ဟု ေလွ်ာက္ထားေလသည္။ ဤတြင္မွ ျမတ္စြာဘုရားလည္း တရားေဟာေတာ့အံ့ဟု ကတိျပဳေလ သည္။

ျမတ္စြာဘုရားသည္ သစၥာေလးပါး တရားထူး တရားဦးကို ေဟာေတာ္မူရန္ ဗုဒၶဂါယာ ေဗာဓိ မ႑ိဳင္မွ ပဥၥ၀ဂၢီ ငါးဦးရွိရာ မိဂဒါ၀ုန္ေတာသို႔ ၾကြေတာ္မူ ေလသည္။

ခရီးလမ္းတြင္္ ဥပက အမည္ ရွိေသာ တကာတစ္ဦးႏွင့္ေတြ႔သည္။

ဥပကမွာ ဘုရားရွင္၏ တရားကို နာၾကားထိုက္သူ မဟုတ္ သျဖင့္္ ဘုရားရွင္ကို ေရွးဦးစြာ ဖူးျမင္ရပါလွ်က္ “ငါ့ရွင္အဘယ္သူနည္း၊ အဘယ္ကိုရည္၍ ရဟန္းျပဳပါသနည္း” စသည္ျဖင့္္ ေမးျမန္း စံုစမ္းျခင္းသာ ျပဳေလ၏။

မိဂဒါ၀ုန္ေတာသို႔ ေရာက္ေတာ္မူေသာအခါ ပဥၥ၀ဂၢီ ငါးဦးကို အမွဴးထားလ်က္ မေရမတြက္ ႏိုင္ေသာ နတ္ျဗဟၼာတို႔အား ဓမၼစၾကာ တရားဦးကို ေဟာၾကားေတာ္ မူေလသည္။

ျမတ္စြာဘုရားရွင္သည္ ဓမၼကၡႏၶာေပါင္း ရွစ္ေသာင္း ေလးေထာင္မွ်ေသာ တရားေတာ္မ်ားကို ေဟာၾကားခဲ့ရာ ဤဓမၼစၾကာ တရားေတာ္သည္ ေရွးဦးပထမ ေဟာၾကား ေတာ္မူေသာ တရားေတာ္ျဖစ္၍ အလြန္္ ထူးျမတ္ေသာ တရားေတာ္ျဖစ္ေလသည္။

ဓမၼစၾကာမွာ- ဓမၼစကၠပ၀တၱန ဟူေသာပါဠိမွ ဆင္းသက္လာေသာ ေ၀ါဟာရျဖစ္ျပီး

ဓမၼ – သစၥာေလးပါးအမွန္တရား

စကၠ – အဖန္ဖန္အထပ္ထပ္ လွည့္တတ္ေသာစက္္

ပ၀တၱန- ျဖစ္ျခင္္း ….အနက္ရွိသျဖင့္ “သစၥာေလးပါး အမွန္တရားကို စက္လွည့္၍အဖန္ဖန္္ အထပ္ထပ္ ေဟာေတာ္မူျခင္း ” ဟု အဓိပၸါယ္ ရေလသည္။

ျမတ္စြာဘုရား၏ ဓမၼစၾကာ တရားေတာ္ကို နာၾကားရသျဖင့္ ေကာ႑ည၊ ၀ပၸ၊ ဘဒၶိယ၊ မဟာနံ၊ အႆဇိ တည္းဟူေသာ ပဥၥ၀ဂၢီ ငါးဦးႏွင့္တကြ မ်ာစြာေသာ နတ္ျဗဟၼာတို႔ အကၽြတ္တရား ရရွိၾက သည္။

ပဥၥ၀ဂၢီွ ငါးဦးလည္း ျမတ္စြာဘုရားထံတြင္ ရဟန္းအျဖစ္ကို ျပဳခြင့္ ပန္ၾက၏။ျမတ္စြာ ဘုရား ခြင့္ျပဳသျဖင့္ ဧဟိဘိကၡဳ ရဟန္း အျဖစ္ကို ရရွိၾကသည္။

ဧဟိိဘိကၡဳ ရဟန္း ဆိုသည္မွာ ဘုရားရွင္ က ရဟန္းျဖစ္ေစဟု မိန္႔ေတာ္မူသျဖင့္ ပရိကၡရာ အစံုအလင္ျဖင့္ ခ်က္ခ်င္္း ရဟန္း အျဖစ္ကိုိ ရျခင္းပင္ ျဖစ္သည္။

ဤသို႔ ပဥၥ၀ဂၢီငါးဦးအား အမွဴးထား၍ ဓမၼစၾကာ တရားဦးကို ေဟာၾကားျခင္း၊ပဥၥ၀ဂၢီငါးဦးအား ဧဟိဘိကၡဳ ရဟန္းအျဖစ္သို႔ ေခၚေဆာင္ေတာ္ မူျခင္းမွာ ဤ၀ါဆိုလျပည့္ေန႔ပင္ ျဖစ္၍

၀ါဆိုိ လျပည့္ေန႔ကို ဓမၼစၾကာ အခါေတာ္အျဖစ္ျဖင့္ သတ္မွတ္ၾကျခင္း ျဖစ္သည္။၀ါဆိုလတြင္ ပဥၨင္းခံ ရွင္ျပဳျခင္းကို ေရွးအခါက ျပဳခဲ့ၾကျခင္း ျဖစ္သည္။

၀ါဆုိလျပည့္ေန႔၏ ထူးျခားခ်က္မ်ားမွာျမန္မာ့ရုိးရာ ၁၂ လ ရွိသည့္အနက္ ၀ါဆိုလျပည့္ေန႔သည္-

၁။ ေဂါတမဘုရားေလာင္း ပဋိသေႏၶေနေသာ ေန႔ျဖစ္၍ ထူးျခားျခင္း၊

၂။ ေဂါတမဘုရားေလာင္း၊ ေတာထြက္ေတာ္မူေသာေန႔ျဖစ္၍ ထူးျခားျခင္း၊

၃။ ေဂါတမဘုရားေလာင္း၊ ဓမၼစၾကာတရား စတင္ေဟာေတာ္မူေသာေန႔ျဖစ္၍ ထူးျခားျခင္း၊

၄။ ေရမီး အစံုစံုတို႔ျဖင့္ တန္ခိုးျပာဋိဟာကုိ ျပေတာ္မူေသာေန႔ျဖစ္၍ ထူးျခားျခင္း၊

၅။ ဘုရားအျဖစ္ကို ၀န္ခံေတာ္မူေသာေန႔ျဖစ္၍ ထူးျခားျခင္း၊

၆။ တရားရတနာ စတင္ေပၚေပါက္ေသာေန႔ျဖစ္၍ ထူးျခားျခင္း၊

၇။ သံဃာရတနာ စတင္ေပၚေပါက္ေသာေန႔ျဖစ္၍ ထူးျခားျခင္း၊

၈။ “ဧဟိိ ဘိကၡဳ”ဟူေသာစကားကို စတင္ၾကားရေသာေန႔ျဖစ္၍ ထူးျခားျခင္း။ဟူ၍ျဖစ္ပါသည္။

ပ႒ာန္း ပူေဇာ္ၾကသူမ်ား

Unicode

၀ါဆိိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့

” သန္ဓေ ၊ တောထွက် ၊ ဓမ္မစက် ၊ တစ်ချက် ပြာဋိဟာ။၀ါဆိုလပြည့် ၊ ထူးခြားနေ့ ၊ အောက်မေ့ ဤလေးဖြာ။ ”

၁။ မြတ်စွာဘုရားရှင်၏ ပညတ်တော်အရ ရဟန်းတော်များ ၀ါတွင်းသုံးလ ၀ါဆိုဝါကပ်တော် မူသည်ကို အကြောင်းပြု၍ ၀ါဆိုလဟု မည်တွင်သည်။

၂။ သက္ကရာဇ် ၁၀၃ ၀ါဆိုလပြည့် စနေနေ့ညတွင် မြတ်စွာဘုရားသခင်သည် ဗာရာဏသီပြည် မိဂဒါ၀ုန် တောဝယ် ပဥ္စဝဂ္ဂီ ငါးဦးအား ဓမ္မစကြာတရားတော်ကို

ဟောကြားခဲ့သဖြင့် ၀ါဆို လပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ဟူ၍ သတ်မှတ်ခြင်းဖြစ်သည်။

၀ါဆိုဝါလ ၀ိသေသ

၀ါဆိုလပြည့်နေ့တွင် မြတ်စွာဘုရား အလောင်းတော် သန္ဓေယူတော်မူသည်။ ထိုနေ့မှာပင် တောထွက်တော် မူသည့်အပြင် ဘုရားအဖြစ်ကို ရတော်မူသည့်

အခါတွင်လည်း တရားဦး ဖြစ်သော ဓမ္မစကြာတရားတော်ကို ဟောတော်မူသည်။ ထို့ကြောင့် ” သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက် လဝါဆို ” ဟူ၍ ဆိုစမှတ် ပြုခြင်းဖြစ်သည်။

ရဟန်းတော်များ ၀ါဆိုတော်မူခြင်း

၀ါတွင်းကာလ၌ ရဟန်းတော်များ ၀ါဆိုကြခြင်းမှာ မြတ်စွာဘုရား ပညတ်ခဲ့၍ ဖြစ်သည်။ မြတ်စွာ ဘုရား ပညတ်တော် မမူစဉ်က ရဟန်းတော်များ ၀ါဆိုဝါကပ်ခြင်းမပြုကြပေ။

မြတ်စွာ ဘုရားရှင် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်း၌် သီတင်းသုံး နေတော်မူစဉ် သာကီီဝင်အနွယ်များ ဖြစ်ကြသော ရဟန်းတော်များသည် နွွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးလုံး ခရီးလှည့်လည် သွားလာ နေကြသည်။

မိုးဥတု၌ တစ်ရပ်မှ တစ်ရပ်သို့ ဒေသစာရီ လှည့်လည်ခြင်းပြုကြရာ ပြည်သူတို့ စိုက်ပျိုးထားသော ကောက်နှံသီးကင်းများကို ဖြတ်ကျော် နင်းနယ်သဖြင့် ပျက်စီးလေသည်။

ထိုအခါ ပြည်သူများက ” မိုးတွင်းကာလတွင် အယူလွဲမှား မိစ္ဆာဒိဋ္ဌိများပင် ခရီးသွားလာခြင်း မပြုကြ။ တိိရိစ္ဆာန် ငှက်များသည် ပင်လျှင် အသိုက်ပြောင်းခြင်း မပြုကြ။

ကျွနု််ပ်တို့ ကိုးကွယ်သော သာကီ နွယ်ဖွား ရဟန်းတော်များကား အများ ပြည်သူတို့ စိုက်ပျိုးထားသည့် ကောက်ပဲဲ သီးနှံများကို နင်းနယ် ဖျက်ဆီးလျက် နွေ မိုးမရှောင် ခရီးသွားကြလေသည်တကား ” စသည်အားဖြင့် အပြစ်တင်ကြလေသည်။

ဤအကြောင်းကို မြတ်စွာဘုရားရှင် ကြားသိတော် မူသောအခါ ရဟန်းတော်များအား ၀ါတွင်းသုံးလ ကာလပတ်လုံး မိမိတို့၏ကျောင်းတိုက် အဝန်းအဝိုင်း အတွင်း၌သာ ၀ါဆို ၀ါကပ်ခြင်းပြု၍

ရဟန်း တရားကို အားထုတ်နေကြရန်၊ ၀ါကျိုး ၀ါပြတ် ၀ါမကပ်ဘဲ ညဉ့်အိပ် ညနေ ခရီးသွားသော ရဟန်းများအား ဒုက္ကဋ် အာပတ်သင့်စေရန် အာဏာဓမ္မစက် သိက္ခာပုဒ် ပညတ် တော်မူခဲ့သည်။

ထိုသည်မှစ၍ ရဟန်းတော်များသည် ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့တွင် ၀ါဆိုခြင်း ပြုသည်။

သီတင်းကျွတ် လပြည့်နေ့တွင် ပြီးဆုံး ကျွတ်လွတ်လေသည်။ ၀ါဆို ၀ါကပ်ခြင်း သဘောမှာ သတ်မှတ်ထားသော မိမိတို့၏ ကျောင်းတိုက် အဆောက်အဦ အရံအတားမှ အရပ်တစ်ပါးသို့ ညဉ့်အိပ် ညနေ မသွားပါ ဟုကတိပြု ကြခြင်းပင်် ဖြစ်သည်။

၀ါဆိုအတွင်း ၀ါပန်၍ ညဉ့်အိပ်ညဉ့်နေ (၇) ရက်မှ ကျော်၍ မသွားနိုင်ပေ။

ဓမ္မစကြာ အခါတော်နေ့

လွန်ခဲ့သော အနှစ် ၂၅၀၀ ကျော် ၀ါဆိုလပြည့် နေ့တွင် ဗုဒ္ခ မြတ်စွာ သည် မိိဂဒါ၀ုဏ် တောတွင် (ပဥ္စဝဂ္ဂီ) ရဟန်း ၅ ပါး ကို ဓမ္မစင်္ကြာ တရားဦး ဟောခြင်းဖြင့် ဗုုဒ္မ သာသနာတော်ကို စတင် ခဲ့ပါသည်။

ဓမ္မစင်္ကြာ တရားတော်် ၌ သဘာဝ လောက တွင် မဖောက်မပြန် မပြောင်းမလွဲ အမြဲ တည်ရှိ နေသော သစ္စာ ၄ ပါးကို ဖော်ပြ ဟောကြား ခဲ့ပါသည်။

သဘာဝ လောက ၏ သစ္စာ ၄ပါးမှာ

ဒုက္ခ သစ္စာ = သတ္တဝါ တိုင်း ရုပ်နာမ် ဟူသမျှ မတည်မြဲ၊ အချိန်နှင့် အမျှ ဖောက်ပြန် ပျက်စီး၍ အိုခြင်း၊ နာခြင်း၊ သေခြင်း တရား များကို မလွန်ဆန် နိုင်ပဲ အို၊နာ၊သေ ၊ဆင်းရဲ ဒုက္ခ ကိိုရှောင်လွဲ မရ ဖြစ်ရခြင်း သည် လောက အမှန်တရား တခု။

သမုဒယ သစ္စာ = သတ္တဝါ တိုင်း မိမိကိုယ် (ရုပ်၊ နာမ် ခန္မာ) ကို မအိုချင်၊နာမကျန်း မဖြစ်ချင်၊ မသေချင် ကြပဲ တပ်မက် စွဲလန်း တတ်ပြီး ထိုစွဲလန်း တပ်မက် မှုကြောင်း ဘဝ တဖန် ဖြစ်ရခြင်း သည် အမှန်တရား တခု။

နိယောဓ သစ္စာ = ထို ရုပ်၊နာမ် ခန္ခာ ကြောင့် အိုခြင်း၊ နာခြင်း၊ သေခြင်း တရား ၊ဒုက္ခ များ မှ လွတ်မြောက် ရာ သည် လည်း အမှန် ရှိသော အမှန်တရား တခု။

မဂ္ဂ သစ္စာ = ထို ရုပ်၊နာမ် ကြောင့် အိုခြင်း၊ နာခြင်း၊ သေခြင်း တရား ဒုက္ခ များ မှလွတ်မြောက် ရန် တခုတည်း သော အကျင့်မှန် မဂ္ဂင် ၈ပါး တရားသည်သာ အမှန် ဖြစ်သော အမှန် တရားတခု။

ထို သစ္စာ တရား ၄ပါး ကို ဟောကြား ပြီး ဓမ္မစင်္ကြာ ဘီးကို ဗုဒ္မ မြတ်စွာ သည် စတင် လည်ပတ် ခဲ့ပါသည်။

မြတ်စွာဘုရား အလောင်းတော်သည် ရွှေထီးရွှေနန်းကို စွန့်၍ ၀ါဆိုလပြည့်နေ့တွင် တောထွက် တော်မူသည်။ ပဥ္စဝဂ္ဂီ ငါးဦးခြံရံကာ တရား ကျင့်တော်မူသည်။

ဒုက္ကရစရိယာ ခြောက်နှစ် တိုင်တိုင် ကျင့်တော်မူသော်လည်း ဘုရားမဖြစ်ပေ ။ထို့ကြောင့် မိမိ တစ်ပါးတည်း လမ်းခွဲကာ တရားဖြည့် ကျင့်တော်မူ၏။

သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရရှိ၍ ဘုရား ဖြစ်တော်မူသောအခါ “ငါဘုရား သိပြီးသော သစ္စာလေးပါး တရားတော်သည် နူးညံ့ သိမ်မွေ့ နက်နဲလွန်းသည်။

သတ္တဝါတို့၏ သဏ္ဌာန်ကား လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန ထူပြောလှသည်။ဤသတ္တဝါစုကို ငါဘုရား တရားဟောသော်လည်း အချည်းနှီးသာ ဖြစ်လိမ့်မည်။

တရားမဟောဘဲ ဆိတ်ဆိတ်နေတော့မည်” ဟုကြံရွယ်တော် မူလေသည်။ ရွှေစိိတ်တော် ရွှင်ပြခြင်းမရှိ၊ ဆုတ်နစ်တော် မူလေသည်။

ဤအကြောင်းကို သဟံပတိ ဗြဟ္မာမင်းက သိရှိသဖြင့် ဗြဟ္မာ့ပြည်မှ ဆင်းလတ်၍ ဘုရားရှင်ထံ ခစားသည်။ သဟံပတိ ဗြဟ္မာမင်းသည် ဘုရားရှင်အား

” အရှင်ဘုရား၊ သတ္တဝါများကို ငဲ့ညှာသော အားဖြင့် အရှင်ဘုရား ပိုင်းခြားထင်ထင် သိမြင်တော်မူသော တရားတော်ကို ဟောတော်မူပါဘုရား” ဟူ၍

( နဿ တိ၀တတော လောကော ) ဟူသော ဂါထာကို သုံးကြိမ် ရွတ်၍ လျှောက်ထားသည်။

လောက၌ အရှင်ဘုရား၏ တရားတော်တို့ကို နာယူ ထိုက်သူပေါင်း များစွာ ကျန်ရှိပါသေးသည်် ဟု လျှောက်ထားလေသည်။ ဤတွင်မှ မြတ်စွာဘုရားလည်း တရားဟောတော့အံ့ဟု ကတိပြုလေ သည်။

မြတ်စွာဘုရားသည် သစ္စာလေးပါး တရားထူး တရားဦးကို ဟောတော်မူရန် ဗုဒ္ဓဂါယာ ဗောဓိ မဏ္ဍိုင်မှ ပဥ္စဝဂ္ဂီ ငါးဦးရှိရာ မိဂဒါ၀ုန်တောသို့ ကြွတော်မူ လေသည်။

ခရီးလမ်းတွင်် ဥပက အမည် ရှိသော တကာတစ်ဦးနှင့်တွေ့သည်။

ဥပကမှာ ဘုရားရှင်၏ တရားကို နာကြားထိုက်သူ မဟုတ် သဖြင့်် ဘုရားရှင်ကို ရှေးဦးစွာ ဖူးမြင်ရပါလျှက် “ငါ့ရှင်အဘယ်သူနည်း၊ အဘယ်ကိုရည်၍ ရဟန်းပြုပါသနည်း” စသည်ဖြင့်် မေးမြန်း စုံစမ်းခြင်းသာ ပြုလေ၏။

မိဂဒါ၀ုန်တောသို့ ရောက်တော်မူသောအခါ ပဥ္စဝဂ္ဂီ ငါးဦးကို အမှူးထားလျက် မရေမတွက် နိုင်သော နတ်ဗြဟ္မာတို့အား ဓမ္မစကြာ တရားဦးကို ဟောကြားတော် မူလေသည်။

မြတ်စွာဘုရားရှင်သည် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်း လေးထောင်မျှသော တရားတော်များကို ဟောကြားခဲ့ရာ ဤဓမ္မစကြာ တရားတော်သည် ရှေးဦးပထမ ဟောကြား တော်မူသော တရားတော်ဖြစ်၍ အလွန်် ထူးမြတ်သော တရားတော်ဖြစ်လေသည်။

ဓမ္မစကြာမှာ- ဓမ္မစက္ကပဝတ္တန ဟူသောပါဠိမှ ဆင်းသက်လာသော ဝေါဟာရဖြစ်ပြီး

ဓမ္မ – သစ္စာလေးပါးအမှန်တရား

စက္က – အဖန်ဖန်အထပ်ထပ် လှည့်တတ်သောစက််

ပဝတ္တန- ဖြစ်ခြင််း ….အနက်ရှိသဖြင့် “သစ္စာလေးပါး အမှန်တရားကို စက်လှည့်၍အဖန်ဖန်် အထပ်ထပ် ဟောတော်မူခြင်း ” ဟု အဓိပ္ပါယ် ရလေသည်။

မြတ်စွာဘုရား၏ ဓမ္မစကြာ တရားတော်ကို နာကြားရသဖြင့် ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဓိယ၊ မဟာနံ၊ အဿဇိ တည်းဟူသော ပဥ္စဝဂ္ဂီ ငါးဦးနှင့်တကွ မျာစွာသော နတ်ဗြဟ္မာတို့ အကျွတ်တရား ရရှိကြ သည်။

ပဥ္စဝဂ္ဂှီ ငါးဦးလည်း မြတ်စွာဘုရားထံတွင် ရဟန်းအဖြစ်ကို ပြုခွင့် ပန်ကြ၏။မြတ်စွာ ဘုရား ခွင့်ပြုသဖြင့် ဧဟိဘိက္ခု ရဟန်း အဖြစ်ကို ရရှိကြသည်။

ဧဟိိဘိက္ခု ရဟန်း ဆိုသည်မှာ ဘုရားရှင် က ရဟန်းဖြစ်စေဟု မိန့်တော်မူသဖြင့် ပရိက္ခရာ အစုံအလင်ဖြင့် ချက်ချင််း ရဟန်း အဖြစ်ကိို ရခြင်းပင် ဖြစ်သည်။

ဤသို့ ပဥ္စဝဂ္ဂီငါးဦးအား အမှူးထား၍ ဓမ္မစကြာ တရားဦးကို ဟောကြားခြင်း၊ပဥ္စဝဂ္ဂီငါးဦးအား ဧဟိဘိက္ခု ရဟန်းအဖြစ်သို့ ခေါ်ဆောင်တော် မူခြင်းမှာ ဤဝါဆိုလပြည့်နေ့ပင် ဖြစ်၍

၀ါဆိို လပြည့်နေ့ကို ဓမ္မစကြာ အခါတော်အဖြစ်ဖြင့် သတ်မှတ်ကြခြင်း ဖြစ်သည်။၀ါဆိုလတွင် ပဥ္ဇင်းခံ ရှင်ပြုခြင်းကို ရှေးအခါက ပြုခဲ့ကြခြင်း ဖြစ်သည်။

၀ါဆိုလပြည့်နေ့၏ ထူးခြားချက်များမှာမြန်မာ့ရိုးရာ ၁၂ လ ရှိသည့်အနက် ၀ါဆိုလပြည့်နေ့သည်-

၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြားခြင်း၊

၂။ ဂေါတမဘုရားလောင်း၊ တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၃။ ဂေါတမဘုရားလောင်း၊ ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊

၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊

၈။ “ဧဟိိ ဘိက္ခု”ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။ဟူ၍ဖြစ်ပါသည်။

ပဋ္ဌာန်း ပူဇော်ကြသူများ

Be the first to comment

Leave a Reply

Your email address will not be published.


*