ရွှေပြည်သာရှိ ဗိုလ်ချုပ်ရုပ်ထုထားရှိရန် မြေနေရာမရှိသဖြင့်တိုင်းအစိုးရထံသို့ တင်ပြတောင်းခံထား…

ရွှေပြည်သာမြို့နယ်ရှိ ဗိုလ်ချုပ်နှင့်မတူဟုဝေဖန်ခံနေရသည့် ရုပ်တုထားရှိရန်မြေနေရာအတည်တကျမရှိသေးသဖြင့် တိုင်းဒေသကြီးအစိုးရထံ မြေနေရာတင်ပြထားသည်ဟု ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီးလွှတ်တေကိုယ်စားလှယ် ဦးရန်အောင်မင်းကပြောသည်။

ရွှေပြည်သာမြို့နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုထားရှိရန် မြေနေရာအတည်တကျမရှိသေးသဖြင့် လက်ရှိတွင် ရွှေပြည်သာမြို့တော်ခန်းမတွင်သာ ယာယီသဘော ထားရှိနေရသည်ဟုဆိုသည်။

“ဗိုလ်ချုပ်ကြေးရုပ် ကမြေနေရာမရသေးဘူး၊လောလောဆယ် မြို့တော်ခန်းမမှာပဲ ထားထားတယ်။

မြေကွက်ရရှိဖို့ တိုင်းဒေသကြီးအစိုးရကိုလျှောက်ထားးတယ် ၊ တိုင်းဒေသကြီးအစိုးရကမြေနေရာခွင့်ပြုမှ ဖွင့်ပွဲလုပ်လို့လျှောက်ထားတာက ဗိုလ်ချုပ်လမ်းနားက ပန်းဥယျဉ်နဲ့အားကစားကွင်းဌာနနားက မြက်ခင်းမှာလျှောက်ထားတယ်”ဟုပြောသည်။

အဆိုပါရုပ်တုကို ဗိုလ်ချုပ်နှင့်မတူဟုဝေဖန်ခံနေရခြင်းနှင့်ပတ်သက်ပြီး “ကျွန်တော်ကိုအင်တာဗျူးတဲ့မီဒီယာတစ်ခုရှိတယ်၊ ဗိုလ်ချုပ်ရုပ်ထုတောင် ရွှေပြည်သာမ ရောက်သေးဘူး ၊ ကျွန်တော်တောင်မမြင်ရသေးဘူး ၊

ဗိုလ်ချုပ်နဲ့မတူဘူးဘာဖြစ်တယ်ညာညာဖြစ်တယ်နဲ့ပြောတော့ ကျွန်တော်ကလည်း အဲဒီအချိန်ကလည်း အလုပ်ကများနေတော့ ဟုတ်တယ် ဗိုလ်ချုပ်ရုပ်တုလည်းမရောက်သေးဘူး ၊ ဗိုလ်ချုပ်အောင်ဆန်းလည်း ကျွန်တော်မမြင်ဖူးဘူးလို့ပြောလိုက်တာ ၊ ကျွန်တော်အဲဒါ ဖေစ်ဘုတ်အတင်ခံရတယ်”ဟုပြောသည်။

Crd : The Fifth Wave

Be the first to comment

Leave a Reply

Your email address will not be published.


*