“မွေးရပ်မြေ သက္ကလမြို့လေးရဲ့ လမ်းပြင်တဲ့နေရာလေးမှာ ပါဝင်ကူညီ လုပ်အားပေးနေတဲ့ နေမင်းရဲ့ ဗီဒီယိုဖိုင် ” ….
“မွေးရပ်မြေသက္ကလမြို့လေးရဲ့ လမ်းပြင်တဲ့နေရာလေးမှာ ပါဝင်ကူညီလုပ်အားပေးနေတဲ့ နေမင်းရဲ့ ဗီဒီယိုဖိုင်”
ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူ မင်းသား နေမင်းကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။
နေမင်းကတော့ ဇာတ်ရုပ်တိုင်းအတွက် သေချာပြင်ဆင်မှုတွေနဲ့သာ ကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်တတ်သူဖြစ်ပြီး သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်.။ .
နေမင်းကတော့ လက်ရှိ Covid ကာလ အနုပညာအလုပ်လေးတွေကို နားထားရတဲ့ အချိန်လေးမှာ သူ့ရဲ့ မွေးရပ်မြေသက္ကလမြို့.မှာ မိသားစုလိုက် သွားရောက်ကာ အပန်းဖြေရင်း ပျော်ရွှင်စရာ အချိန်အမှတ်တရလေးတွေကို ဖန်တီးနေတာပါ.။
ဒီနေ့ ဇွန်လ (၃၀)ရက်နေ့မှာတော့ နေမင်းက လမ်းပြင်နေတဲ့ နေရာမှာ ကိုယ်တိုင် ဝင်ပါပြီးကူညီလုပ်ဆောင်ခဲ့တဲ့ သူ့ရဲ့ ပုံရိပ်လေးတွေကို “လမ်းပြင်နေသည်” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။
သက္ကလမြို့လေးမှာ နေမင်းကတော့ သဘာဝဆန်ပြီး သာယာမှုတွေနဲ့အတူ လုပ်အားအနေနဲ့ပါ လမ်းပြင်တဲ့နေရာလေးမှာပါ ဝင်ရောက် လုပ်ကိုင်နေတဲ့ပုံက ပျော်ရွှင်လွတ်လပ်မှုတွေကို ခံစားနေရတဲ့ ပုံပါပဲနော်..
ပရိသတ်ကြီး.။ ပရိသတ်ကြီးအတွက်လည်း နေမင်းရဲ့ ကိုယ်တိုင် လမ်းပြင်တဲ့နေရာတွေမှာ ပါဝင်ကူညီလုပ်ဆောင်နေတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.။
Source: Nay Min’s Facebook
Sakura(Cele Connections)
Be the first to comment
Leave a Reply
Your email address will not be published.
*