









credit zin moe

unicode version

မော်လမြိုင် NWT ကွမ်းသီးပွဲရုံမှ သိန်း(၁၀၀)ပေါက်တဲ့အလုပ်သမမှ အလုပ်ရှင်ရဲ့စီမံပေးမှုနဲ့ ဘဝတူ အလုပ်သမတွေကို ကူညီထောက်ပံ့ပေးပါပြီး

အလုပ်ရှင်မိသားစုရဲ့စီမံပေးမှုနဲ့ ထီသိန်း(၁၀၀) ကံထူးခဲ့သည့် ကွမ်းသီးပွဲရုံအလုပ်သမ မော်လမြိုင်မြို့သီရိမြိုင်(၁၂)လမ်းနေ မစန်းစန်းနွယ် မိသားစုမှ

သူမနဲ့ အတူတူ အလုပ်လုပ်တဲ့ မော်လမြိုင် စမ်းကြီးရပ်ဦးနေဝင်းသူရဲ့ (NWT)ကွမ်းသီးပွဲရုံမှ ဘဝတူ အလုပ်သမ(၄၀)ကျော်ကို တစ်ဦးချင်းစီအလိုက် တတ်နိုင်သလောက်အလှူအဖြစ် ဆန်/ဆီ/ကြက်သွန် ဖြူနီ/ငါးသေတ္တာ/ဆပ်ပြာမှုန့်/ ခေါင်းလျှော်ရည်/ကော်ဖီမစ်/ ခေါက်ဆွဲခြောက်စသည့် မီးဖိုးချောင်သုံး စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးခဲ့ပါပြီး။

(၁)သိန်းဆုပေါက်တဲ့ မထက်နန္ဒာနဲ့ အလုပ်ရှင်မိသားစုမှလည်းလိုအပ်တာတွေကို ထပ်မံဖြည့်စွက် လှူဒါန်းပေးပါတယ်။

ဒါအပြင် ပြည်သူလူထုအကျိုးကို ဘက်ပေါင်းစုံမှ အင်အားပြည့် ကူညီနေတဲ့ မော်လမြိုင်မြို့ခံပရဟိတအသင်း တသင်းဖြစ်တဲ့မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့ သို့လည်းအလှူငွေ (၁)သိန်းကျပ် ဆက်သွယ်လှူဒါန်းပေးခဲ့ပါသည်။

သူမတို့ရဲ့ အလှူကို ဝမ်းသာပီတိဖြစ်ရသလိုဘဝတူချင်း ရိုင်းပင်းကူညီတဲ့ စိတ်ဓါတ်လေးတွေကို တကယ်လေးစားမိပါတယ်။

ဒီလို ကူညီဖြစ်အောင် စီမံဆောင်ရွက်ပေးတဲ့ ပွဲရုံအလုပ်ရှင်ဦးနေဝင်းသူ တို့ မိသားစုကိုလည်း တကယ်ချီးကျူးမိပါတယ်။

တကယ်မရှိတဲ့ လက်လုပ်လက်စားတွေ ပေါက်ပြီးဘဝတူအချင်းချင်း ကိုယ်ချင်းစာနာတတ်တဲ့ သူတွေအတွက်သာဓု … အကြိမ်ကြိမ်အခါခါ ခေါ်ဆိုမိပါတယ်ဗျာ။

အလုပ်သမ ထီပေါက်သည့်သတင်း

credit zin moe

Be the first to comment

Leave a Reply

Your email address will not be published.


*