အလုပ်ရှင်မှ ကွမ်းသီးပွဲရုံ အလုပ်သမတွေကို ထီဖိုးငွေစိုက်ထားပေးပြီး အဆင်ပြေမှ အရစ်ကျ ပြန်ဆပ်စနစ်ဖြင့် ထီထိုးပေးရာမှ ကံထူးသွားခဲ့တဲ့ ကံထူးရှင်





အဲဒီအတွက် အလုပ်ရှင် ဦးနေဝင်းသူ နဲ့ အလုပ်ရုံတာဝန်ခံမှကွမ်းသီးပွဲရုံ အလုပ်သမလေးတွေရဲ့ကံစမ်းချင်တဲ့ဆန္ဒလဲပြည့်အောင်အခက်အခဲလဲမဖြစ်အောင် ဈေးကြိုထီဆိုင်မှ ထီတွေကိုဝယ်ယူပေးပြီးအလုပ်သမတွေ အဆင်ပြေမှ အရစ်ကျပြန်ဆပ်ဆိုပြီး တစ်ဦးကိုထီ(၂)စောင်နှုန်း အကြွေးထိုးပေးစေရာမှမစန်းစန်းနွယ် ဆိုတဲ့ အလုပ်သမတစ်ဦးမှ သိန်း(၁၀၀) ကံထူးသွားတာဖြစ်ပါတယ်။



Zin Moe

unicode version

အလုပ်ရှင်မှ ကွမ်းသီးပွဲရုံအလုပ်သမတွေကို ထီဖိုးငွေစိုက်ထားပေးပြီး အဆင်ပြေမှ အရစ်ကျ ပြန်ဆပ်စနစ်ဖြင့် ထီထိုးပေးရာမှ သိန်း(၁၀၀)ဆုပေါက်

သိန်း(၁၀၀)ကံထူးရှင်ကတော့ မော်လမြိုင်မြို့သီရိမြိုင်(၁၂)လမ်းမှ မစန်းစန်းနွယ် ဖြစ်ပါတယ်။

သူမ အလုပ်လုပ်တဲ့ အလုပ်ရုံကတော့ မော်လမြိုင် စမ်းကြီးရပ်မှဦးနေဝင်းသူရဲ့ (NWT)ကွမ်းသီးပွဲရုံ ဖြစ်ပါတယ်။

ပွဲရုံအလုပ်သမလေးတွေက ထီတစောင်(၁၀၀၀) ပေးထိုးဖို့တော်တော် စဉ်းစားရတဲ့ အခြေအနေပါ။ မိသားစု စားဝတ်နေရေးရှိနေတော့ ထီတစောင်(၁၀၀၀) ထိုးဖို့ထက် အိမ်အတွက်ဆန် (၁၀၀၀) ဖိုး ဝယ်ဖြည့်လိုက်ကြတာ များပါတယ်။

အဲဒီအတွက် အလုပ်ရှင် ဦးနေဝင်းသူ နဲ့ အလုပ်ရုံတာဝန်ခံမှကွမ်းသီးပွဲရုံ အလုပ်သမလေးတွေရဲ့ကံစမ်းချင်တဲ့ဆန္ဒလဲပြည့်အောင်အခက်အခဲလဲမဖြစ်အောင် စျေးကြိုထီဆိုင်မှ ထီတွေကိုဝယ်ယူပေးပြီးအလုပ်သမတွေ အဆင်ပြေမှ အရစ်ကျပြန်ဆပ်ဆိုပြီး တစ်ဦးကိုထီ(၂)စောင်နှုန်း အကြွေးထိုးပေးစေရာမှမစန်းစန်းနွယ် ဆိုတဲ့ အလုပ်သမတစ်ဦးမှ သိန်း(၁၀၀) ကံထူးသွားတာဖြစ်ပါတယ်။

သိန်း(၁၀၀) ကံထူးရှင် မစန်းစန်းနွယ် မှလည်း ဆုငွေထုတ်ပြီးရင် ဘဝတူ အလုပ်သမလေးတွေကို တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးပါဦးမည်တဲ့ခင်ဗျ…

တကယ်မရှိတဲ့ လက်လုပ်လက်စားတွေ ပေါက်တာ ကိုယ်ထီပေါက်တာထက်တောင် ပိုဝမ်းသာမိပါတယ်ဗျာ …

Zin Moe

Be the first to comment

Leave a Reply

Your email address will not be published.


*